
သင်္ကန်းကျွန်းမြို့နယ်
(ငမိုးရိပ်ရပ်ကွက်) သံသုမာလမ်းပေါ်ရှိ အဆောက်အအုံ တစ်လုံး (ညာ)မှာ
(၀ဲ)ဘက်သို့ တိမ်းစောင်းနေမှုအား အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ်
ရန်ကုန်မြို့ရှိ အောက်ခံမြေသားပျော့သည့် မြို့နယ်အချို့တွင်
ဆောက်လုပ်ထားသော အဆောက် အအုံအချို့ တိမ်းစောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။
''ဦးတို့ငှားနေတဲ့ တိုက်က ဟိုဘက်တိုက်ဘက်ကို စောင်းနေတယ်။ အဲဒါကို
တိုက်ဆောက်တဲ့သူနဲ့ အိမ်ရှင်တွေ ပေါင်းပြီးတော့ ဟိုဘက်တိုက်ဘက်ကို
ထပ်မစောင်းအောင် တိုက်နှစ်လုံးကြားမှာ သံဒေါက်တွေ လာထောက်သွားပါတယ်။
ဦးတို့က ဒီတိုက်မှာ ငှားနေတာ သိပ်မကြာသေးပါဘူး။ ဒါပေမဲ့ တိုက်ကတော့
သက်တမ်း သိပ်မကြာသေးဘူး'' ဟု သင်္ကန်းကျွန်းမြို့နယ် (ငမိုးရိပ်ရပ်ကွက်)
သံသုမာလမ်းပေါ်ရှိ တိမ်းစောင်းနေသည့် တိုက်တွင် ငှားရမ်းနေထိုင်သူ တစ်ဦးက
ပြောပြခဲ့သည်။
တိမ်းစောင်းမှု ဖြစ်ပေါ်ခဲ့သည့် တိုက်အချို့မှာ သက်တမ်း မကြာသေးသော အဆောက်အအုံ များဖြစ်ပြီး ထပ်မံတိမ်းစောင်းမှု မဖြစ်ပေါ်စေရန် အတွက် ညွှန်ကြားမှုများ ပြုလုပ်ထားပြီး ထပ်မံတိမ်းစောင်းမှု ရှိ၊ မရှိ စောင့်ကြည့်လျက် ရှိကြောင်းနှင့် ယင်းသို့ တိမ်းစောင်းခြင်းမှာလည်း အဆောက်အအုံ မဆောက်လုပ်မီ အောက်ခံမြေ အရည်အသွေး စစ်ဆေးခြင်း (Soil Test) ကို သေချာ မလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု... |
ထိုကဲ့သို့ တိမ်းစောင်းမှု ဖြစ်ပေါ်ခဲ့သည့် တိုက်အချို့မှာ သက်တမ်း
မကြာသေးသော အဆောက်အအုံများဖြစ်ပြီး ထပ်မံတိမ်းစောင်းမှု မဖြစ်ပေါ်စေရန် အတွက်
ညွှန်ကြားမှုများ ပြုလုပ်ထားပြီး ထပ်မံတိမ်းစောင်းမှု ရှိ၊ မရှိ
စောင့်ကြည့်လျက် ရှိကြောင်းနှင့် ယင်းသို့ တိမ်းစောင်းခြင်းမှာလည်း
အဆောက်အအုံ မဆောက်လုပ်မီ အောက်ခံမြေ အရည်အသွေး စစ်ဆေးခြင်း (Soil Test) ကို
သေချာ မလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီမှ သိရသည်။
''Soil Test သေချာမလုပ်တာပေါ့။ soil Test မလုပ်လည်း soil Test အဖြေ
ထွက်လာတဲ့ အတိုင်း ဒီဇိုင်းလုပ်မှ ရမှာလေ။ အခု စောင်းတဲ့ တိုက်တွေကို
ထပ်မဆောင်းအောင် လုပ်ဖို့ ညွှန်ကြားထား ပါတယ်။ ဟိုအရင်တုန်းက ဗဟန်း(၃)လမ်းမှာ
ဆောက်လက်စ တိုက်ပြိုတယ်။ မြောက်ဥက္ကလာပမှာ တိုက်တုံးလုံး လဲကျတယ်။
အဲဒါကြောင့် အခုနောက်ပိုင်း စည်ပင်သာယာမှာ အဆောက်အအုံတွေကို Structure
စစ်တဲ့ စစ်ဆေးရေး အင်ဂျင်နီယာ ဆိုတာ ပေါ်လာတယ်။ ပြီးတော့ အခုနောက်ပိုင်း
သုံးထပ်နဲ့အထက် ဆောက်မယ်ဆိုရင် Soil Test အလုပ်ရမယ်။ Soil Test က ထွက်လာတဲ့
ဒီဇိုင်းအတိုင်း ကြီးကြပ်ရမယ်ဆိုပြီး ညွှန်ကြားမှုတွေ ရှိလာတာပါ'' ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ရှိ ပုဇွန်တောင်၊ တာမွေ (နတ်ချောင်း၊ မေတ္တာညွန့်၊
ပုသိမ်ညွန့်)၊ သင်္ဃန်းကျွန်း (ငမိုးရိပ်)နှင့် စမ်းချောင်း၊ အင်းစိန်၊
ကမာရွတ်၊ လှိုင်စသည့် မြို့နယ်များကို ဖြတ်သန်းဖောက်လုပ် ထားသည့် ဗဟိုလမ်း
တစ်လျှောက်တို့သည် အောက်ခံမြေသား ပျော့သည့် မြေနေရာများ ဖြစ်သောကြောင့်
ယင်းနေရာများတွင် အဆောက်အအုံ ဆောက်မည် ဆိုပါက ခြောက်ထပ်ထက်
ပိုမိုဆောက်လုပ်ခွင့် မပြုကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီမှ သိရသည်။
သို့သော်ယခင်က ပုဇွန်တောင်၊ အင်းစိန် စသည့်မြို့နယ်များတွင် အဆောက်အအုံအချို့ တိမ်းစောင်းမှုများ ရှိခဲ့သည်။
Eleven
0 comments:
Post a Comment