
မန်ချက်စတာ ယူနိုက်တက် အသင်း သည် ဆန်းဒါးလန်း အသင်း နင့်
ပွဲစဉ် တွင် အထူးခြေစွမ်းပြ ကစားခဲ့သည့် ဘယ်လ်ဂျီယံ လူငယ် ကစားသမားလေး
အက်ဒ်နန် ဂျန်နုဇက် အား ပရိုဖက်ရှင်နယ် စာချုပ် ချုပ်ဆိုနိုင်ရန် ကမ်းလှမ်း
သွားတော့မည် ဖြစ်ကြောင်း သ်ရသည်။
လောလောဆယ် မည့်သည့် နိုင်ငံ လက်ေ၇ွးစင် ဂျာစီ အား ၀တ်ဆင်
ကစားမည် ကို မဆုံးဖြတ်ရသေးသည့် ဘယ်လ်ဂျီယံ လူငယ်လေးသည် မန်ချက်စတာ
ယူနိုက်တက် အသင်း ကြီး အတွက် ပထမဆုံး ပွဲထွက် ပါဝင်ကစားခွင့် ရခဲ့သည့်
ပရီးမီးယား လိဂ် ပွဲစဉ် တွင် အထူးခြေစွမ်း ပြ ကာ အသင်း အတွက် ချေပ
ဂိုးအပြင် အနိုင် ဂိုးပါ ဆက်တိုက် သွင်း ယူခဲ့သည့်အတွက် သရဲနီ တို့ ဧ။်
သူရဲကောင်း ဖြစ်ခဲ့ ရသည်။ ထို့ အပြင် ယူခုနစ် ရာသီ တွင် ရာသီ အစမှာပင် ၆
ပွဲ ကစား ၃ ပွဲ ရှုံး ရလဒ် ကြောင့် ဖိအား ဒါဏ် ကို ရောက်ရှိ နေရသည့်
ယူနိုက်တက် နည်းပြ ဒေးဗစ် မိုယက်စ် အားလည်း အသက်ရှူ ချောင်စေခဲ့ သဖြင့်
ယခုကဲ့ သို့ ထိုက်ထိုက်တန်တန် စာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးစားလာခြင်း
ဖြစ်ကြောင်း သိရသည် ။
Written by ၀ိုင်း ( ကျိန်းရိပ် )
0 comments:
Post a Comment