Wednesday, September 11, 2013

ဆိုတေး၏ ကျန်းမာရေးအခြေအနေကောင်းသော်လည်း စကားပြောဆိုနိုင်ခြင်း မရှိသေး

အဆိုတော်ဆိုတေး၏ ကျန်းမာရေးအခြေအနေသည် ပိုမိုတိုးတက်ကောင်းမွန်လာပြီး ယခုအခါတွင် အထူးကြပ်မတ်ဆောင်မှ သီးသန့်ကုသဆောင်သို့ ပြောင်းရွှေ့ဆေးကုသမှု ခံယူလျက်ရှိကြောင်း ဆိုတေး၏ သူငယ်ချင်းဖြစ်သူက ပြောဆိုလိုက်သည်။ ယင်းကဲ့သို့ ကျန်းမာရေးအခြေအနေမှာ တစ်စထက်တစ်စတိုး တက်လာသော်လည်း စကားပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းကဆက်လက်ပြောပြခဲ့သည်။

“အရင်ကထက်စာရင် အများကြီးသက်သာလာတယ်။ ဆရာဝန်တွေက လေကောင်းလေသန့်ရဖို့ သူ့ကို သီးသန့်ဆောင်မှာ ထား ထားပါတယ်။ လေကောင်းလေသန့်ရဖို့ မိသားစုတွေနဲ့အတူ ၀ှီးချဲသုံးပြီး အပြင်ကို သွားခိုင်း တယ်။ သူဆရာဝန်တွေကိုတွေ့ရင် လက်အုပ်ချီတယ်။ သိပ်ပြီးလှုပ်ရှားလို့မရသေးဘူး။ အသိ စိတ်တော့ရှိပါတယ်။ မိသားစုတွေ၊ လာကြည့်တဲ့ အနုပညာရှင်တွေ ကိုတွေ့ရင် နည်းနည်းပါးပါး မှတ်မိ ပါတယ်။ သူလုံးဝ အကောင်းကြီးတော့ မဟုတ်သေးဘူးပေါ့။ သူ့ရဲ့ ခန္ဓာကိုယ်က ဆေးရဲ့ သက်ရောက်မှုကို လက်ခံနိုင်ပြီး တိုးတက်မှုမြန်တယ်လို့ပြောရင်ရပါတယ်” ဟု သူငယ်ချင်းဖြစ်သူ က ပြော ဆိုခဲ့သည်။

ဆိုတေး၏ ကျန်းမာရေးအခြေအနေကို အနုပညာရှင်များလည်း မန္တလေးမြို့အထိလာရောက်ကာ အားပေးလေ့ရှိကြကြောင်း၊ ဆိုတေး၏ကျန်းမာရေး အပြည့်အ၀ကောင်းမွန်သည်အထိ မန္တလေးပြည်သူ့ ဆေးရုံ၌ပင် ကုသမှု ခံယူသွားမည်ဖြစ်ပြီး ယခုအခါတွင်ဆေးကုသမှုခံယူသည်မှာ သုံးလနီးပါး ကြာမြင့်နေ ပြီဖြစ်သည်။

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
Mizzima - News in Burmese

0 comments:

Post a Comment