
မီဆွတ်အိုဇေးလ်သည် အာဆင်နယ် အသင်း၏ ပြိုင်ဘက်များ အတွက် အိပ်မက်ဆိုး တစ်ခု ဖြစ် လာနိုင်ကြောင်း အာဆင်နယ် အသင်း ခေါင်းဆောင်ဟောင်း ဆက်စ်ဖာ ဘရီဂက်စ်က ထောက်ခံ ပြော ကြား လိုက်သည်။
လက်ရှိ ဘာစီလိုနာ အသင်းတွင် ကစားနေသော စပိန် လက်ရွေးစင်သည် ရီးယဲလ်မက်ဒရစ်တွင် အိုဇေးလ် ကစားနေစဉ်က ခါးသီးပြိုင်ဘက် များ ဖြစ်ခဲ့ သည့် တိုင် ဂျာမန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစား သမား၏ အရည်အသွေးကောင်းများကို အသိအမှတ်ပြု ချီးကျူးခဲ့သည်။ (၂၀၁၁)ခုနှစ်၊ နွေရာသီက အာဆင်နယ်မှ ထွက်ခွာခဲ့သည့် ဖာဘရီဂက်စ် သည် အသင်းဟောင်းနှင့် ခိုင်မာ အားကောင်းသော ဆက်သွယ်မှုမျိုး ရှိနေဆဲဖြစ်ပြီး အာဆင်နယ်က ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် စတာလင် (၄၂.၅)သန်းဖြင့် အိုဇေးလ်အား ဝယ်ယူခဲ့မှုအတွက် ကျေနပ် အား ရလျှက် ရှိသည်။
ဖာဘရီဂက်စ်က "အိုဇေးလ်က ပရီးမီးယားလိဂ်မှာ ကစားရတာ ကို ကျေနပ်မှာပါ။ ပြီးတော့ အဲဒီမှာ သူကိုယ်တိုင် အံ့ဩစရာတွေ စွမ်းဆောင်ပြလိမ့်မယ်။ ပရီးမီးယားလိဂ်ဟာ နေရာလွတ်တွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပေါ်လာတတ်တာကြောင့် အိုဇေးလ်လို ကစားသမားအတွက် အသင့်တော် ဆုံး ဖြစ်မှာပါ။ တကယ်လို့ အိုဇေးလ်ကို နေရာလွတ်နဲ့ အချိန်တစ်ခု ပေးလိုက်မိရင်တော့ သူက ခင်ဗျားကို သတ်သွားလိမ့်မယ်။ ရီးယဲလ်မှာ သူဘာတွေ လုပ်ပြခဲ့တယ် ဆိုတာကို ကျွန်တော်တို့ အမြဲ တမ်း စောင့်ကြည့်ဖူးပါတယ်။ သူ့ဆီက နောက်ဆုံး ထွက်လာတဲ့ ဘောလုံးတိုင်းဟာ အန္တရာယ် ပေးနိုင် တယ်။ အင်္ဂလန်မှာ အိုဇေးလ် အောင်မြင်မယ်လို့ ကျွန်တော် ထင်ပါတယ်"ဟု မှတ်ချက်ပြု ပြော ဆိုသွားသည်။
မြ၀တီ
0 comments:
Post a Comment