Tuesday, September 10, 2013

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းတွင် အဓိကကျသော မင်းဓမ္မလမ်း ဒုတိယ ဗဟိုစီးပွားရေးဇုန် စီမံကိန်းတင်ဒါများ ခေါ်ယူ

ရန်ကုန်မြို့ မရန်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ဒုတိယစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရန် အတွက်မြေငှားရမ်းရန် တင်ဒါခေါ်ယူကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ YCDC က ထုတ်ပြန် လိုက်သည်။
အဆိုပါ စီးပွားရေးဇုန်အား မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းနှင့် တော်ဝင် လမ်းထောင့်ရှိ မြေဧက ၃၆ဒသမ ၅၅၁ ဧကတွင် တည်ထောင်လုပ်ကိုင် ရန်အတွက် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များအား တင်ဒါခေါ်ထားပြီး တင်ဒါ တင်သွင်းနိုင်ရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် ကန်ဒေါ်လာ ၁၀၀၀ (သို့မဟုတ် ) ကျပ်ငွေ တစ်သန်းပေးသွင်းဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှု ဌာန၊ ဌာနမှူး ဦးတိုးအောင် က “အခုတော့ YCDC ပိုင် မြေဧက ၃၆ ဒသမ ၅၅၁ ဧက ပေါ်မှာပဲ အခြေပြုတည်ဆောက် သွားပါမယ်၊ အခြား ၀န်ကြီး ဌာနပိုင် မြေဧရိယာတွေနဲ့ ပက်သက်ပြီးတော့ ညှိနှိုင်းဆွေးနွေး ထားတာတော့ မရှိသေး ပါဘူး”ဟု မဇိ္ဈမသို့ပြောသည်။

ပြီးခဲ့သော သြဂုတ်လကတည်းက တင်ဒါခေါ်ယူရန်သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြေကိစ္စ များ ဆွေးနွေးခြင်း မပြီးပြတ်သေး၍ ယခုအချိန်မှ တင်ဒါခေါ်နိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအချိန်အထိ အခြားဝန်ကြီးဌာန များနှင့် ညှိနှိုင်းခြင်း မပြုရသေးပေ။

တင်ဒါနှင့်အတူ တင်ဒါတင်သွင်းမှု အာမခံအဖြစ် ကန်ဒေါ်လာ တစ်သန်း တန်ဖိုး ရှိ သက်တမ်း ခြောက်လ ရှိသော ဘဏ်အာမခံ ပါရှိရမည်ဖြစ်ပြီး အဆိုပါဘဏ်အာမခံအား ပြည်တွင်းနှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်တို့၏ အဆက်အသွယ်ဖြစ်သော ပြည်ပဘဏ်မှ ထုတ်ပေးခြင်းဖြစ်ရမည် ဖြစ်ကြောင်း ကြေညာ ချက်တွင်ပါရှိသည်။

တင်ဒါများကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက် နောက်ဆုံးထားတင်သွင်း ရမည်ဖြစ်ပြီး တင်ဒါဖွင့်လှစ်မည့် အချိန်အား တင်ဒါတင်သွင်းသည့် လုပ်ငန်းရှင်များအား အကြောင်းကြားသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ စီမံကိန်းတွင် ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ကဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊ ရှော့ ပင်းမော များ၊ ရုံးအဆောက်အအုံများ တည်ဆောက်လုပ်ကိုင်ခြင်းတို့ပါဝင်နိုင်ပါကြောင်း ဆိုသည်။

အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒုတိယစီးပွားရေးဇုန် စီမံကိန်းပုံစံ (Plan) အား ရေးဆွဲ ပြီးပြီဖြစ်ကြောင်း ယင်းစီမံကိန်းရေးဆွဲသူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)၊ အကြံပေး၊ မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာ ကျော်လတ်က မဇိ္ဈမသို့ မကြာမီက ပြောထားသည်။

မင်္ဂလာတောင်ညွှန့်ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်း ရှိ မြေဧက ၈ ဒသမ ၅၁၈ ဧကတွင်လည်း စီးပွားရေးအဆောက်အအုံများ စီမံကိန်းအကောင် အထည် ဖော်ဆောင်ရွက်ရန် အတွက် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင် များအား တင်ဒါခေါ်ယူထားသည်။

အဆိုပါ မင်္ဂလာတောင်ညွန့်ရှိ စီးပွားရေး စီမံကိန်း တင်ဒါစည်းကမ်း သတ်မှတ် ချက် များသည် မင်းဓမ္မလမ်း စီးပွားရေး ဇုန် စီမံကိန်း တင်ဒါသတ်မှတ်ချက်များနှင့် တူညီပြီး အကောင်အထည်ဖော်ဆောင် ရွက်မည့် စီမံကိန်းများတွင်မူ မင်းဓမ္မတွင် မပါဝင်သည့် လူနေတိုက်ခန်း (ကွန်ဒို) တည်ဆောက်ခြင်း ပါဝင်သည်။

Mizzima

0 comments:

Post a Comment