Tuesday, September 10, 2013

မြန်မာနိုင်ငံ၏ ရာသီဥတုက စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်း သြစတြေးလျနည်းပြ သုံးသပ်

မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော အာဆီယံ အမျိုးသမီးဘောလုံးချန်ပီယံ ရှစ်ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နေသည့် သြစတြေးလျ ယူ-၁၉ အသင်းနည်းပြချုပ် အလန်စတာဂျစ်က မြန်မာနိုင်ငံ၏ ပူပြင်းသော ရာသီဥတုမှာ အသင်းအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြား ခဲ့သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခုလို ဘောလုံးလာကစားခွင့်ရလို့ ၀မ်းသာဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုကတော့ အဓိက အခက်အခဲပါ။ ကျွန်တော်တို့အတွက် စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်” ဟု စတာဂျစ်ကရက် က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

သြစတြေးလျ ယူ-၁၉အသင်းသည် အာဆီယံ ဗီယက်နမ်၊ထိုင်း၊ မလေးရှား၊ ဂျော်ဒန် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကာ အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ(၁၁) ရက်တွင် မလေးရှားအသင်းနှင့် ကစားရမည် ဖြစ်သည်။

သြစတြေးလျအသင်း အာဆီယံအမျိုးသမီးချန်ပံရှစ်ပြိုင်ပွဲတွင် နှစ်ကြိမ် ဗိုလ်စွဲ ဖူးပြီး မြန်မာ၊ ဗီယက်နမ် အသင်း တို့နှင့်အတူ အအောင်မြင်ဆုံး အသင်းအဖြစ်ရပ်တည်နေသည်။

သြစတြေးလျ အမျိုးသမီးအသင်း အနေဖြင့် ယူ - ၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက်ကြိုတင်ပြင်ဆင်ရန် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ချန်ပီယံဆုအတွက် မမျှော်လင့် ထားကြောင်း နည်းပြစတာဂျစ်က ဆိုသည်။ “ပြိုင်ပွဲမှာ ကျွန်တော်တို့က အတွေ့အကြုံရဖို့အတွက် လည်း ရည်မှန်းချက်ထားပြီး ၀င်ပြိုင်တာပါ။ အသင်းရဲ့အဓိကပစ်မှတ်က ယူ -၂၀ ကမ္ဘာ့ဖလားခြေ စစ်ပွဲ အောင်မြင်ဖို့ပါပဲ။ အာဆီယံဒေသတွင်း အမျိုးသမီးအသင်းတွေရဲ့ ခြေစွမ်းက အာရှထိပ်တန်းအဆင့် ရှိတာကြောင့် ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ မမျှော်လင့် ထားပါဘူး” ဟု ၎င်းက ဆိုသည်။
Mizzima

0 comments:

Post a Comment