Sunday, September 29, 2013

တိုင်းဧရာအတွင်းရှိ ဆေးရုံများအား စိစစ်ကြပ်မတ် အရေးယူမည်ဟု လူမှုရေးဝန်ကြီးဆို

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိဆေးရုံများ၌ လူနာနှင့်လူနာရှင်များအား အခက်အခဲမျိုးစုံဖြစ်ပေါ်အောင် ပြုလုပ်နေခြင်းနှင့် မလိုအပ်သောငွေကြေး ကောက်ခံမှုများပြုလုပ်နေသောဆေးရုံများအား စိစစ်ကြပ်မတ် အရေး ယူတော့မည်ဟု ဧရာဝတီတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါ်ခင်စောမူ က ဆို သည်။

ကျင်းပနေဆဲဖြစ်သည့်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သတ္တမပုံမှန်အစည်းအဝေး၌ညောင်တုန်းမြို့ဆေး ရုံကြီးခွဲစိတ်လူနာများအပေါ် ငွေကြေးကောက်ခံနေမှုနှင့်ပတ်သက်၍ ညောင်တုန်းမြို့နယ်မှ လွှတ်တော် ကိုယ် စား လှယ် ဒေါက်တာ လှမင်းမှ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေး ၀န်ကြီး ဒေါ်ခင်စောမူ က ဖြေကြားခဲ့ခြင်းဖြစ်သည်။

“လူနာတွေအခမဲ့ရရှိမယ့်၊ ဆေးဝါးတွေကိုဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဆေးရုံတွေကို ချထားပေးပြီးပါပြီ၊ ငွေကြေးတောင်းခံခြင်းမပြုလုပ်ဖို့လည်း လမ်းညွန်ချက်တွေထုတ်ပြန်ထားပါတယ်၊

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စိစစ်ကြပ်မတ်အရေးယူသွားပါမယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လူမှုရေး ၀န်ကြီးဒေါ်ခင်စောမူက ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိစစ်ကြပ်မတ်အရေးယူသွားမည်ဟု ဖြေကြားမှုအပေါ် ကျေနပ် အားရ ကြောင်းနှင့် ငွေကြေးကောက်ခံမှုများသည် ဆေးရုံတိုင်းလိုလိုပင် ဖြစ်ပွားနေသည့်အတွက်အရေးယူခြင်း
ဆိုသည်ထက် ကြပ်မတ်ပေးရန်အတွက် ယခုကဲ့သို့လွှတ်တော်အတွင်း၌ မေးမြန်းခဲ့ခြင်းဖြစ်ကြောင်းကိုလည်း မေးခွန်းမေးမြန်းခဲ့သူ ဒေါက်တာလှမင်းက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိဆေးရုံများအနက်တိုင်းဒေသကြီးမြို့တော် ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ ငွေကြေး ကောက် ခံမှု များနှင့်လူနာရှင်များကြုံတွေ့နေရသော အခက်အခဲများကြောင့်

လူနာများသေဆုံးမှု ဖြစ်ပေါ်သည်အထိ ရှိနေသဖြင့် ပုသိမ်ဆေးရုံကြီးအား စတင်ကြပ်မတ် စစ်ဆေး သင့်ကြောင်း ဒေသခံတို့ကဆိုသည်။

“အန်တီအမျိုးသားက အခုလ(၁၁)ရက်နေ့ မနက်(၃)နာရီလောက်ကနှလုံးရောဂါကြောင့် သွေးပေါင်ထိုးကျသွား လို့ ဆေးရုံကိုသွားတော့ အရေးပေါ် ခန်းမှာထားလို့ သက်သာကာစပဲ ရှိသေးတယ်၊

အဲ့ဒီအခန်းအပြင်က လူသွားလမ်းခုံမှာ ထောင်ကနေ သေဆုံးခါနီး အနာတွေက အပုပ်နံ့နံနေတဲ့ လူကြီး တစ်ယောက် လာထားသွားလို့ အမျိုးသား က သူအသက်ရှူလို့ မရတော့ကြောင်းပြောတော့

အန်တီလည်းဝန်ထမ်းတွေကို လူနာနေရာပြောင်းပေးပါ လို့ ပြောတော့ပြောင်း လို့မရဘူး လို့ ပြောတယ်၊ အဲ့ဒါနဲ့ဒါဆို တို့လူနာ ကိုပြောင်းပေးပါဆိုတော့လည်း ငြင်းဆန်းခဲ့တယ်၊ အဲ့ဒီအပုပ်နံ့ကြောင့်ပဲ

အန်တီအမျိုးသား သေဆုံးခဲ့ရတယ်” ဟု သေဆုံးခဲ့ရသူ၏ဇနီး ဒေါ်သန်းသန်းရှိန်က ပြောသည်။

ပုသိမ်ပြည်သူ့ဆေးရုံကြီးရှိ လူနာဆောင်များတွင် အိမ်သာအသုံးပြုခမှာ တစ်ရက်လျှင်၂၀၀ကျပ်နှုန်း ပေးနေရ သဖြင့် ပြင်ပလူမှုရေးအဖွဲ့အစည်းများ၏ အထောက်အပံ့နှင့်ဆေးရုံသို့ လာရောက်ကုသမှုခံယူနေသူများမှာ အိမ်သာခ အထိ အခက် အခဲဖြစ်ပေါ်နေရကြောင်း၊ သေဆုံးပါကလည်း မြေကျရန် ငွေကြေးများ စွာ ပေးနေ ရကြောင်း၊ ငွေကြေး မပေးသော လူနာစောင့်များအား အပေါက်စောင့်နှင့် သန့်ရှင်းရေးလုပ်သားများမှ ကြမ်းတမ်းရိုင်းစိုင်းစွာ ဆက်ဆံနေ ကြောင်း ပုသိမ်မြို့ခံတို့က ဆိုသည်။

ထို့ပြင် လူနာတွေ့ချိန်ကို တစ်နေ့(၃)ကြိမ်သတ်မှတ်ထားပြီး ကျန်အချိန်များတွင် တံခါးများအားလုံးကို ပိတ်ထားသဖြင့် လူနာရှင်များမှာ အမိုးအကာ မရှိဆေးရုံအပြင်ဘက်၌ စောင့်နေရကြောင်း၊ လူနာစောင့်ကို ကျားမခွဲခြား ၍ တစ်ဦးစီသာ စောင့်ခွင့်ပေးသောကြောင့် သားအမိ၊မောင်နှမ လူနာစောင့်ရမည့်သူများအတွက် အခက်အခဲဖြစ်ရကြောင်း၊ သွေးလှူဒါန်းလိုသူများကိုလည်း တိကျသောစစ်ဆေးမှုနှင့် လိုအပ်သည့် ဂရုစိုက် အလေးထားမှု မရှိဟု လူမှုကူညီရေး အဖွဲ့များထံမှ သိရသည်။

“အမေဆေးရုံတက်ရတော့ ကျွန်တော်တို့က သားအမိနှစ်ယောက်တည်းရှိတော့ လူနာတွေ့ချိန်က လွဲလို့ စောင့်လို့ မရခဲ့ဘူး၊ လူနာအမေ တစ်ယောက်တည်း ကိုပဲ ဆေးရုံထဲမှာထားပြီးအပြင်မှာ စောင့်ခဲရတယ်၊

အဲဒါကြာလာတော့ အမေကဆေးရုံမှာ ထောင်ကျနေသလိုပဲဆိုလို့ အိမ်ကိုပြန်ခေါ်ခဲ့ရတော့ အိမ်မှာပဲဆုံးခဲ့ရ တယ်”ဟု မိခင်ဆုံးရှုံးခဲ့သူ ဦးသိန်းဌေးက ပြောသည်။

အဆိုပါကိစ္စများအတွက် ပုသိမ်ဆေးရုံအုပ်ကြီးအားမေးမြန်းခွင့်ရရန်ကြိုးပမ်းခဲ့သော်လည်း မည်သည့် သတင်း သမားနှင့် မျှ တွေ့ဆုံခွင့်မပေးပဲ ဆေးရုံအတွင်း ဓါတ်ပုံရိုက်ခြင်းများကိုပါ စာတမ်းများကပ်၍ သတိပေးမှုများပြုလုပ် ထားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအားလုံးအတွက်၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်စတင်ချိန် ဧပြီလမှ စတင် ၍ အခမဲ့ကုသပေးရမည့်ကဏ္ဍများအတွက် အသုံးစရိတ်ချထားပေးပြီးဖြစ်ကြောင်း၊

စက်တင်ဘာလတစ်ရက်နေ့က မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာမှ ဒုတိယ၀န်ကြီး ဒေါ်သိန်းသိန်းဌေးမှလည်း ဆရာဝန်၊ဆရာမ၊ သူနာပြုများမှ လူနာများအား လက်ပွန်းတတီးနွေးထွေးကြင်နာစွာ ပြုစုစောင့်ရှောက်ပေးရန် ပုသိမ်ပြည် သူ့ ဆေးရုံကြီးအစည်းအဝေး ခန်းမ၌ မှာကြား ထားကြောင်း သိရသည်။

Shwe Myitmakha Media Group

0 comments:

Post a Comment