Wednesday, September 11, 2013

အမျိုးသား ၄ဦး အုပ်စုလိုက် အဓ္ဓမပြုကျင့်မှုနဲ့ အပြစ်ထင်ရှား

အိန္ဒိယ နိုင်ငံက အမျိုးသားလေးဦးကို အုပ်စုလိုက် အဓ္ဓမ ပြုကျင့်မှုနဲ့ တရားရုံးက အပြစ် ထင်ရှား တွေ့ရှိ ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသား လေးဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက နယူးဒေလီမြို့မှာ အသက် ၂၃နှစ် အရွယ် အမျိုးသမီးတဦးကို အုပ်စုလိုက် အဓ္ဒမပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။

ပဉ္စမ မြောက် အဓ္ဓမပြုကျင့်မှု ကျူးလွန်သူလို့ သံသယဖြစ်ခံရသူကတော့ ယခုနှစ် အစောပိုင်းမှာပဲ အကျဉ်းထောင်ထဲမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဓ္ဓမပြုကျင့် သတ်ဖြတ်မှုကြောင့် အိန္ဒိယနိုင်ငံ တ၀ှမ်းမှာ ဆန္ဒပြ ကန့်ကွက်မှုတွေဖြစ်ခဲ့ပါတယ်။

တရားရုံးကတော့ သူတို့ကို ဘယ်လို ပြစ်ဒဏ်ချမှတ်မလဲဆိုတာ မသိရသေးပေမယ့် အဓ္ဓမပြုကျင့် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးရဲ့ မိသားစုတွေကတော့ သေဒဏ်ချမှတ် စေချင်တယ်လို့ သိရပါတယ်။

ABC

0 comments:

Post a Comment