Tuesday, August 6, 2013

MEB Talk 2 ပြည်ပ ဖုန်း ခေါ်ဆိုသည့် ကြိုတင် ငွေဖြည့် ကတ်များ စတင် ဝယ်ယူနိုင် ..........

မြန်မာနိုင်ငံမှ ပြည်ပ နိုင်ငံများသို့ ဖုန်းခေါ် ဆိုရာတွင် အလွယ်တကူ ခေါ်ဆိုနိုင်ရန်နှင့် ဈေးနှုန်း သက်သာ စွာဖြင့် မိမိတို့ ခေါ်ဆို လိုသည့် နိုင်ငံများသို့ ခေါ်ဆိုနိုင်ရန် အတွက် ဝန်ဆောင်မှုပေးသည့် MEB Talk2  ကြိုတင် ငွေဖြည့်ကတ်များအား သြဂုတ် ၄ ရက်မှ စတင် ဝယ်ယူနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြားသို့ ဖုန်းခေါ်ဆိုသည့်ဝန်ဆောင်မှုလုပ်ငန်း ဖြစ်သော MEB Talk2 မှ Android ဖုန်းများနှင့် iphone များ အတွက် App များအား ထုတ်လုပ် ပေးထားပြီး ဖုန်းအဝင်အား အခမဲ့ ပြု လုပ် ပေးထားကြောင်း၊ ယခင်က ငွေဖြည့်ရန်အတွက် MEB Talk2 ရုံးသို့သွားရောက် ကာ ငွေဖြည့် ရကြောင်း သိရသည်။
ယခုအခါတွင် MEB Talk2 ရုံးနှင့် အခြားနေရာများတွင် ကြိုတင် ငွေဖြည့်ကတ်များ ငွေသွင်းကာ ဖုန်းပြောနိုင်ပြီ ဖြစ်ပြီး ထိုကတ်အား  တပ်မတော်ခန်းမတွင် ရောင်းချလျက်ရှိသော MEB Talk2ပြခန်း တွင် ဝယ်ယူနိုင်ပြီး သြဂုတ် ၇ ရက်မှစတင်၍ MEB Talk2 ရုံးတည်ရှိရာ တော်ဝင်စင်တာ တတိယထပ် အခန်း အမှတ် (၄ဝ၃၂)နှင့် အခြားနေရာများတွင် စတင်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိ သည်။        

မြ၀တီ                                         

0 comments:

Post a Comment