Tuesday, August 6, 2013

တောင်တရုတ်ပင်လယ်မှ INVEST-94W အား လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်သတ်မှတ်

Photo: တောင်တရုတ်ပင်လယ်မှ INVEST-94W အား လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်သတ်မှတ်
Tuesday, August 06, 2013

တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းဆဲလ် INVEST 94W သည် သြဂုတ်လ ၆ ရက် နံနက်ပိုင်းတွင် နောက်ဆုံးရရှိသည့် အချက်အလက်များအရ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး အပြည်ပြည်ဆိုင်ရာအမည် 10W(TEN) ဟု ပေးထားပြီ ဖြစ်ပါသည်။ လေဖိအားနည်းရပ်ဝန်း – 10W(TEN) အား ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဌာနမှ KIKO ဟု အမည်ပေးထားပါသည်။

လေဖိအားနည်းရပ်ဝန်း TEN သည် ဗီယက်နန်နိုင်ငံ အရှေ့တောင်ဘက် မိုင် ၃၂ဝ ခန့်၊ ဟောင်ကောင်တောင်ဘက် မိုင် ၆ဝဝ ခန့်၊ ဟိုင်နန်ကျွန်းတောင်ဘက် မိုင် ၃၆ဝ ခန့်အကွာ တောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး အနောက်မြောက်ဘက် (Heading 288 degrees) သို့ တစ်နာရီလျှင် ၁၈ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိပါသည်။

JTWC နှင့် TSR တို့မှ ထုတ်ပြန်သည့် အချက်အလက်များအရ လေဖိအားနည်းရပ်ဝန်း TEN သည် လာမည့် ၁၂ နာရီအတွင်း(ယနေ့ မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီ မတိုင်မီ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာပြီး ဗီယက်နန် ကမ်းခြေနှင့် ဟိုင်နန်ကျွန်းတို့ အကြားမှ ဖြတ်သန်းကာ ဗီယက်နန်နိုင်ငံ မြောက်ပိုင်း ဟနွိုင်းမြို့တောင်ဘက်ကမ်းခြေအား သြဂုတ်လ ၇ ရက် ညပိုင်း၌ ဖြတ်ကျော်ပြီးကုန်းတွင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ (ပုံတွင်ကြည့်ပါ)

10W TEN
06 Aug 2013 0000Z
Location: 13.5 112.2
Winds: 30 knots
Central Pressure: 1000 hPa

MMweather Page
တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းဆဲလ် INVEST 94W သည် သြဂုတ်လ ၆ ရက် နံနက် ပိုင်းတွင် နောက်ဆုံးရရှိသည့် အချက်အလက်များအရ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး အပြည်ပြည် ဆိုင်ရာအမည် 10W(TEN) ဟု ပေးထားပြီ ဖြစ်ပါသည်။ လေဖိအားနည်းရပ်ဝန်း – 10W(TEN) အား ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဌာနမှ KIKO ဟု အမည်ပေးထားပါသည်။

လေဖိအားနည်းရပ်ဝန်း TEN သည် ဗီယက်နန်နိုင်ငံ အရှေ့တောင်ဘက် မိုင် ၃၂ဝ ခန့်၊ ဟောင်ကောင်တောင်ဘက် မိုင် ၆ဝဝ ခန့်၊ ဟိုင်နန်ကျွန်းတောင်ဘက် မိုင် ၃၆ဝ ခန့် အကွာ တောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး အနောက်မြောက်ဘက် (Heading 288 degrees) သို့ တစ်နာရီလျှင် ၁၈ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိပါသည်။

JTWC နှင့် TSR တို့မှ ထုတ်ပြန်သည့် အချက်အလက်များအရ လေဖိအားနည်းရပ်ဝန်း TEN သည် လာမည့် ၁၂ နာရီအတွင်း(ယနေ့ မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီ မတိုင်မီ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိလာပြီး ဗီယက်နန် ကမ်းခြေနှင့် ဟိုင်နန်ကျွန်းတို့ အကြားမှ ဖြတ်သန်းကာ ဗီယက်နန်နိုင်ငံ မြောက်ပိုင်း ဟနွိုင်းမြို့တောင်ဘက်ကမ်းခြေအား သြဂုတ်လ ၇ ရက် ညပိုင်း ၌  ဖြတ်ကျော်ပြီးကုန်းတွင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ (ပုံတွင်ကြည့်ပါ)

10W TEN
06 Aug 2013 0000Z
Location: 13.5 112.2
Winds: 30 knots
Central Pressure: 1000 hPa

MMweather Page

0 comments:

Post a Comment