ရန်ကျော်နဲ့ မေခလာတို့ရဲ့သမီး လေး ပဉ္စာလစန္ဒီ(ခ)မြင့်မြတ်သူက ၁၆ နှစ်ပြည့် သွားခဲ့ပြီဖြစ်ပါတယ်။ မိခင်ဖြစ်တဲ့ မေခလာကတော့ သမီးဖြစ်သူကို ငယ်စဉ်ကပင် ဘာသာရေးနဲ့ ကင်းကွာမှုမရှိအောင် လုပ်ဆောင်ခဲ့ပြီး သမီးဖြစ်သူကို ဆုံးမသွန်သင်တဲ့အခါမှာလည်း ဘာသာရေး နဲ့ပဲ သွန်သင်ဆုံးမလေ့ ရှိတယ်လို့ ဆိုပါတယ်။
ယာက် စလုံးက အနုပညာရှင်တွေဖြစ်
ပေမယ့်လည်း သမီးဖြစ်သူကိုတော့ အနုပညာ နဲ့ပတ်သက်ပြီး
အပျော်တမ်းပဲလုပ်စေချင်ပြီး ပရော်ဖက်ရှင်နယ်အထိတော့ မလုပ်စေချင်ကြောင်း
မေခလာက ပွင့်လင်း စွာပြောလာပါတယ်။ ပွင့်လင်းစွာ ပြောလာမှုနဲ့အတူပဲ မိခင်တစ်
ယောက် အနေနဲ့ သမီးကို ဘယ်လိုပဲ့ပြင် ဆုံးမ နေလဲ၊ သမီးဖြစ်သူကို
အနုပညာရှင်ထက် ပညာတတ် တစ်ယောက်ဖြစ်စေချင်တဲ့ မိခင်တစ် ယောက် ရဲ့ စိတ်
ခံစားချက်တွေကို မေးမြန်း ဖော်ပြ လိုက်ပါတယ်။
စ်ေ
► သမီးဖြစ်သူကို ဘာသာရေးနဲ့ ဆုံးမပဲ့ပြင်
ကျွန်မရဲ့သမီးကို ဘာသာရေး နဲ့ ဆုံးမပဲ့ပြင်တယ်။ အစ်မကလည်း ငယ်ငယ်လေးကတည်းက
ဘာသာ ရေး လုပ်တဲ့အတွက်ကြောင့်၊မြတ် စွာဘုရားရဲ့ တရားတော်ကို နား
ထောင်တဲ့အတွက်ကြောင့် ဒါသည် မှန်ကန်တယ်၊ ဒါသည် မှားနေတယ်။ အလိုလို
အကုသိုလ်တွေက နည်းသွား တယ်။ ဒါကြောင့်လည်း သမီး လေး ကို ဒီအရွယ်ကတည်းက ဘာသာ
ရေးကို လုပ်ခိုင်းနေတယ်။ သူက လည်းလုပ်တယ်။လုပ်တယ် ဆိုပေမယ့် ကလေးဆို
တော့လည်း အကြာကြီးတော့ မလုပ်ဘူးပေါ့။ အမေကျေနပ်အောင် ဘုရားခန်း ထဲဝင်ပြီး
ဓမ္မ စကြာတွေရွတ်ပြတယ်။ ပရိတ်တွေရွတ်ပြတယ်။ ဒီလိုမျိုးနဲ့ပဲ ကျွန်မအနေနဲ့
သမီးလေးကို ဘာသာ ရေးနဲ့ထိတွေ့အောင် လုပ်တယ်။
► သမီးဖြစ်သူကို အနုပညာအလုပ် မလုပ်စေချင်
အဆိုကိုငယ်ငယ်လေးက တည်းက ရူးသွပ်တယ်။ သမီး က အသံလေးတော့ ကောင်းတယ်။ ဒါ ပေမဲ့ ကျွန်မအနေနဲ့သူ့ကိုအနုပညာနဲ့ ပတ်သက်ပြီး
ဘာမှမလုပ် စေချင်ဘူး။ ရုပ်ရှင်လည်းမရိုက်စေချင်ဘူး။
သီချင်းလည်းမဆိုစေချင်ဘူး။ ဒါကြောင့်လည်း ဘယ် ပွဲမှမခေါ်ဘူး။ မခေါ်ရင်း၊
မခေါ်ရင်းနဲ့ သူလည်း ဘယ်ပွဲမှမလိုက်တော့ဘူး။ ဘယ်ရှိုးမှ
သူမကြည့်ဖူးဘူး။ဘာကြောင့် အနု ပညာအလုပ်မလုပ် စေချင်လဲ ဆိုရင် ကျွန်မလိုဖြစ်
မှာကြောက်လို့ပါ။ ကိုယ်တွေကဒီအနုပညာအလုပ် လုပ်တဲ့အခါကျတော့မလုပ်လို့ လည်း
မရတော့ဘူး။ လုံးဝစိတ်ပိုင်းဖြတ် လိုက်ပြီဆိုမှပဲ ထွက်လို့ရမယ့်သဘော
ဖြစ်သွားပြီ။ဒီလုပ်ငန်းက သမ္မာ အာဇီဝလုပ်ငန်းဖြစ်တယ်။ ပျော်ရွှင် စေတယ်။
ကုသိုလ်ရတယ်။ စိတ်ချမ်း သာတယ်။ရတဲ့ ပိုက်ဆံက ဖြူစင်တယ်။ ပရိသတ်က ကိုယ့်ကို
ချစ်လို့ ပေးတာ လေ။
သို့သော်လည်း ကျွန်မ ပြန်စဉ်းစားတဲ့အခါ
ကျ တော့ဒီအလုပ်ရယ် လို့မှ မဟုတ်ပါဘူး။ အလုပ်တိုင်း ဒီလို ပါပဲ။ ဒါပေမဲ့
ကျွန်မတို့အလုပ်ကပိုဆိုး တယ်။ကျွန်မတို့ အလုပ်က ခဏပဲ။ အတက်အကျ တအား
မြန်တယ်။ အတက်အကျမြန်သလို စိတ်ဓာတ်အတက်အကျလည်း တအား မြန်
တယ်။ အခုတက်သွား တယ်။နောက်ပြန် ကျတယ်။ ပေါ်လိုက်၊ ပျောက်လိုက်။
ရေရှည်ရှိတဲ့သူတွေက အင်မတန်ရှားတယ်။ အဲဒီဒဏ်ကို ခံနိုင်မလား။ တက်ပြီးရင် ပြန်ကျမယ့်ဒဏ်ခံနိုင်မလား
ကျွန်မတို့အလုပ်က အနုပညာသာပြောတာ။ တကယ်တမ်းက အကြမ်းပညာပါ။ တစ်နေရာနဲ့တစ် နေရာ သွားရတာ ကားတွေ၊ လေယာဉ်တွေ၊ သင်္ဘောတွေနဲ့သွားရ
တယ်။ အရင်ခေတ်ကဆို အစ်မတို့ နွား လှည်းနဲ့သွားရတယ်။ တကယ့်ကို
ဆင်းဆင်းရဲရဲကို သွားခဲ့တယ်။ အခုလို အဲကွန်းဘတ်စ် တွေမရှိဘူး။
ဘဝကြမ်း၊အနစ်နာတွေခံခဲ့တဲ့ အတွက်ဖြစ်လာတဲ့အခက်အခဲ တွေကို
ကျွန်မရင်ဆိုင်နိုင်တယ်။ တက်ပြီးရင်ကျမှာပဲ။ တက်တဲ့ဘဝကိုလည်း
ရောက်ခဲ့ပြီးပြီ။ ပြန်ဆင်း တဲ့ဘဝကိုလည်း ကိုယ့်ကိုယ်ကိုယ်
စဉ်းစားထားပြီးပြီ။ ဒါပေမဲ့ အခု ခေတ်ကလေးတွေက များသောအား ဖြင့်
ဘယ်သူမှမလုပ်နိုင်ဘူး။ ဒီလိုပဲ ကိုယ့်သမီးလေးဒီလောကထဲဝင်လာ
ပြီဆိုရင်တောင်အောင်မြင်အောင် ကြိုးစားရတော့မယ်။ အောင်မြင် ပြီးရင်
ပြန်မကျအောင် သူလုပ် ရမယ်။ တဖြည်းဖြည်းနဲ့ ကျ လာမှာပဲ။ နေရာပြန်ပေးရမှာပဲ။
အဲဒီဒဏ်ကို ခံနိုင်အောင်သူကြိုးစားရမယ်။ ကျွန်မတို့အနုပညာလောကကလူတွေက
တအားမြှောက်စားတယ်။ မမြှောက် စားတော့ဘူးဟေ့ဆိုရင်လည်းကျ ပြီ။ဘယ်သူမှလှည့်
မကြည့်တော့ ဘူး။အဲဒီဒဏ်ကိုသူခံနိုင် မလား။ ဒါကြောင့်လည်း ပညာတတ်၊
ပညာရှိတစ်ယောက်ပဲ ဖြစ်စေချင်တယ်။
လင်းအက္ခရာ
Popular Journal
0 comments:
Post a Comment