Monday, August 5, 2013

မိုးပျံခရီးသွားစနစ် တရုတ်တို့ဖန်တီးမည်

Photo: မိုးပျံခရီးသွားစနစ် တရုတ်တို့ဖန်တီးမည်
Monday, August 05, 2013

ထူးထူးခြားခြား တီထွင်ဖန်တီးမှု တစ်ခုပါ။ မြေအောက်ရထား လည်း မဟုတ်၊ မြေပေါ် မရထားလည်း မဟုတ်ပဲ ကားလမ်းရဲ့  အပေါ်မှာ တွဲလျက် တည်ဆောက်ထားမယ့် ပို့ဆောင်ဆက်သွယ်ရေး စနစ် တစ်ခု ဖြစ်ပါတယ်။

ကုန်ကျစရိတ်က မြေအောက်ရထား ပို့ဆောင်ဆက်သွယ်ရေး စနစ် တစ်ခု တည်ဆောက်မှာထက် ၉၀ ရာခိုင်နှုန်းတောင် သက်သာ စေတယ်လို့ ဆိုပါတယ်။ တကယ့် အထူးခြားဆုံး နဲ့ အဆင့်မြင့် ပို့ဆောင်ဆက်သွယ်ရေး နည်းလမ်း တစ်ခု ဖြစ်ပါတယ်။

လောင်စာဆီ အသုံးမပြုပါဘူး။ နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်စွမ်းအင်ကို သာ အသုံးပြုမယ့် ပို့ဆောင်ရေး လမ်းကြောင်းနဲ့ ယာဉ် ဖြစ်ပြီး သူ့ကို တရုတ်ပြည်က အရေးကြီး မြို့ များတောက်လျှောက် ပိုက်လိုင်းသဖွယ် တည်ဆောက် ထားပေးမှာပါ။ အောက်မှာပါ ကားများသွားနေနိုင်ပြီး အပေါ်မှာ ကတော့ မိုးပျံယာဉ်များသွားလာမှာ ဖြစ်ပါတယ်။ ခရီးသည် တင်ပို့ နိုင်မှု အရေအတွက်ကလည်း ရထားတို့လိုပဲ ဖြစ်ပါတယ်။

မြန်နှုန်းကလည်း ကျည်ဆံရထားမြန်နှုန်းအတိုင်းပဲ ဖြစ်ပါတယ်။ ယင်း ပို့ဆောင်ရေးစနစ် တည်ဆောက်မှုကို ယခုနှစ်ကုန်မှာ စတင်ဖို့ခန့်မှန်း ထားကြောင်း သိရပါတယ်။
.
Ref: autoblog
ColayAutomobile
ထူးထူးခြားခြား တီထွင်ဖန်တီးမှု တစ်ခုပါ။ မြေအောက်ရထား လည်း မဟုတ်၊ မြေပေါ် မရထားလည်း မဟုတ်ပဲ ကားလမ်းရဲ့  အပေါ်မှာ တွဲလျက် တည်ဆောက်ထားမယ့် ပို့ဆောင်ဆက်သွယ်ရေး စနစ် တစ်ခု ဖြစ်ပါတယ်။

ကုန်ကျစရိတ်က မြေအောက်ရထား ပို့ဆောင်ဆက်သွယ်ရေး စနစ်တစ်ခု တည်ဆောက်မှာထက် ၉၀ ရာခိုင်နှုန်းတောင် သက်သာ စေတယ်လို့ ဆိုပါတယ်။ တကယ့် အထူးခြားဆုံး နဲ့ အဆင့်မြင့် ပို့ဆောင် ဆက်သွယ်ရေး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

လောင်စာဆီ အသုံးမပြုပါဘူး။ နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်စွမ်းအင်ကို သာ အသုံးပြုမယ့် ပို့ဆောင်ရေး လမ်းကြောင်းနဲ့ ယာဉ် ဖြစ်ပြီး သူ့ကို တရုတ်ပြည်က အရေးကြီး မြို့ များတောက်လျှောက် ပိုက်လိုင်းသဖွယ် တည်ဆောက် ထားပေးမှာပါ။ အောက်မှာပါ ကားများသွားနေနိုင်ပြီး အပေါ်မှာ ကတော့ မိုးပျံယာဉ်များသွားလာမှာ ဖြစ်ပါတယ်။ ခရီးသည် တင်ပို့ နိုင်မှု အရေအတွက်ကလည်း ရထား တို့လိုပဲ ဖြစ်ပါတယ်။

မြန်နှုန်းကလည်း ကျည်ဆံရထားမြန်နှုန်းအတိုင်းပဲ ဖြစ်ပါတယ်။ ယင်း ပို့ဆောင်ရေးစနစ် တည်ဆောက် မှုကို ယခုနှစ်ကုန်မှာ စတင်ဖို့ခန့်မှန်း ထားကြောင်း သိရပါတယ်။
.
Ref: autoblog
ColayAutomobile

0 comments:

Post a Comment