ဆော်ဒီအာရေဗျ နိုင်ငံမှ အဘိုးအဘွား စုံတွဲတစ်တွဲသည် ၎င်းတို့ လက်ထပ် ထိမ်းမြားစဉ် လွန် ခဲ့သော နှစ်ပေါင်း ၇ဝ ကျော်ခန့်က သက်ဆုံးတိုင်အတူတကွ ပေါင်းသင်း နေထိုင်၍ အတူ တကွ သေဆုံး မည်ဟု ကတိပြုခဲ့သည့် အတိုင်း ယခု ရက်သတ္တပတ်က အတူတကွ ကွယ်လွန် ခဲ့ကြကြောင်း သိရသည်။
အသက် ၁ဝဝ ခန့်ရှိပြီဖြစ်သော ခင်ပွန်းဖြစ်သူသည် ဇူလိုင် ၃၁ ရက်က အနီးအနားရှိ ဘုရား ရှိခိုး ကျောင်းသို့ သွားရောက် စဉ် လမ်းခရီး၌ လဲကျသေဆုံးခဲ့ပြီးနောက် မကြာမီ ဇနီးဖြစ်သူမှာ ရင်ကွဲနာ ကျ၍ သေဆုံး ခဲ့ကြောင်းနှင့် ဇနီးဖြစ်သူမှာ အသက် ၉ဝ ခန့် အရွယ် ရှိကြောင်း သိရသည်။
၎င်းတို့ စုံတွဲတွင် သားသမီးနှင့် မြေး စုစုပေါင်း ၂ဝဝ ကျော်ရှိပြီး နိုင်ငံတောင်ပိုင်းရှိ ဂျာဇန်ပြည်နယ် အဘူလ် လာဟပ် ကျေးရွာတွင် နေထိုင်ကြသူများ ဖြစ်သည်။
အဆိုပါ အဘိုးအဘွား စုံတွဲက မိမိတို့ နှစ်ဦးသေတော့မည်ဟု ခံစားရကြောင်းနှင့် အတူတကွ သေဆုံးမည် ဟုလည်း မျှော်မှန်း ထားကြောင်း ၎င်းတို့မကွယ် လွန်မီ အိမ်သို့ အလည်အပတ်ရောက် ရှိလာသော မြေးဖြစ်သူအား ပြောကြား ခဲ့ကြောင်း သိရသည်။
MWD
0 comments:
Post a Comment