အမ်းမရိတ်စ်ဖလားပြိုင်ပွဲတွင် အာဆင်နယ်၊ ပေါ်တို၊ နာပိုလီနှင့် ဂါလာတာစရေး အသင်းတို့ ပါဝင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အိမ်ရှင် အာဆင်နယ်အသင်းမှာ ပွဲစဉ်နှစ်ပွဲတွင် တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၄ မှတ်၊ ပေါ်တိုအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် ရမှတ် ၆ မှတ်၊ နာပိုလီအသင်းက တစ်ပွဲသရေ၊ တစ်ပွဲ ရှုံးဖြင့် ရမှတ် ၄ မှတ် အသီးသီး ရရှိခဲ့ကြသည်။
တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့သည့် အိမ်ရှင် အာဆင်နယ်နှင့် ဂါလာတာစရေးတို့ပွဲစဉ်တွင် အာဆင်နယ်က ပထမပိုင်း ၃၈ တွင် ဝဲလ်ကော့တ်၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ သို့သော် ဒုတိယပို်င်း ဆက်လက် ယှဉ်ပြိုင်ကစားရာ ပွဲကစားချိန် ၇၉ မိနစ်တွင် ဒရော့ဂ်ဘာက ပင်နယ်တီမှတစ်ဆင့် ဂါလာတာ စရေးအတွက် ချေပဂိုးသွင်းယူခဲ့သည်။ ထို့နောက် ပွဲကစားချိန် ၈၈ မိနစ်တွင် ပရီးမီးယားလိဂ် ကစား သမားဟောင်းဖြစ်သူ ဒရော့ဂ်ဘာကပင် အနိုင်ဂိုးသွင်းယူခဲ့ပြီး ဂါလာတာစရေးကို အိမ်းမရိတ်စ် ဆုဖလား ဆွတ်ခူးစေခဲ့သည်။
အမ်းမရိတ်စ်ဖလား ဘောလုံးပွဲရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
သြဂုတ် ၃ ရက် ==> ဂါလာတာစရေး ၁ - ၀ ပေါ်တို၊ အာဆင်နယ် ၂ - ၂ နာပိုလီ
သြဂုတ် ၄ ရက် ==> နာပိုလီ ၁ - ၃ ပေါ်တို၊ အာဆင်နယ် ၁ - ၂ ဂါလာတာစရေး
0 comments:
Post a Comment