
လွန်ခဲ့တဲ့ ၂၅ နှစ်က ဒလမြို့မှာဖြစ်ခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးပါ။ ကျွန်တော်တို့ ဒလမြို့ဟာ ရန်ကုန်တဖက်ကမ်းမှာရှိပေမယ့် ၁၉၈၈ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာ
ချိန်မှာ ဒလမြို့ကိုလည်း
ရိုက်ခက်လာပါတယ်။ သြဂုတ်လအတွင်း ရန်ကုန်မြို့လယ် တစ်ခုလုံး
အပျက်အဆီးပုံအောက် ရောက်ရှိသွားချိန်မှာ လမ်းပမ်းဆက် သွယ်ရေးအားလုံးလည်း
ပြတ်တောက် သွားပါတယ်။ အဓိကပြဿနာ ကတော့ ဆန်ပြဿနာပါ။ ဆန္ဒပြပွဲတွေကလည်း
တစ်နိုင်ငံလုံးအနှံ့ ဖြစ်နေ တာကြောင့် ကုန်ဈေးနှုံးကလည်း
ဆက်တိုက်တက်လာပါတယ်။ နောက်ပိုင်း မှာ ဆန်ဂိုဒေါင်၊ ပဲဂိုဒေါင် နဲ့
ဂျုံဂိုဒေါင် တွေဖောက်ပြီး ခိုးယူတဲ့ဖြစ်စဉ် တွေကလည်း နေရာအနှံ့ပါ။
ဂိုဒေါင်ထဲက ပစ္စည်းတွေကုန်တော့ အရပ်ထဲက လူနေအိမ်ထဲက ပစ္စည်းတွေကို
ပြဿနာရှာလာကြပါတယ်။ ဆန္ဒပြကျောင်း သား ခေါင်းဆောင်များက ရဲစခန်းတွေကို
မီးရှို့လိုက်တာကြောင့် ရပ်ကွက်တွင်း လုံခြုံရေးအတွက် ကိုယ်ထူ ကိုယ်ထ
အလှည့်ကျ ကင်းစောင့်နေကြရပါတယ်။
ရှစ်လေးလုံး
ကောင်းမှုကြောင့်ဒလမြို့တွင်းကမရှိဆင်းရဲသားအများအပြားဟာ ဆန်ကွဲများကို
ပြုတ် ပြီး သောက်နေ ကြရ ပါတယ်။ ငတ်မွတ်မှုဒဏ်ကို မခံနိုင်ကြတဲ့နောက်မှာ
ဒလမြို့ခံ ၈ ဦးဟာ ဗိုလ်တစ်ထောင် ဆိပ်ကမ်းသို့ သမ္ဗန်များနဲ့သွားပြီး
ဆန်သင်္ဘော တစ်စီးပေါ်က ဆန်တွေခိုးယူဖို့ ထွက်သွားချိန်မှာ အဲဒီနေရာမှာ
လုံခြုံရေးယူထားတဲ့ အဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အဲဒီချိန်တုန်းက
လူစိမ်းမြင်သမျှကို မီးရှို့မဲ့သူ၊ အကြမ်းဖက် မဲ့သူ၊ အဆိပ်ခက်မဲ့သူဆိုပြီး
ဖမ်းဆီးသတ်ဖြတ်နေတဲ့အချိန်ပါ။
ကံဆိုးစွာနဲ့ ဒလသား ငါးယောက်မှာ
ဗိုလ်တစ်ထောင်သား ၃၀ လောက်ရဲ့ ဖမ်းဆီးမှုကို ခံရလိုက်ပါတယ်။ သုံးယောက်ကတော့
ရေထဲခုန်ချပြီး ထွက်ပြေးသွားပါတယ်။ ဖမ်းခံရတဲ့ ဒလမြို့သား ငါးယောက်ကို
သမ္မတကမ်းခြေ အနီးက ဆိပ်ခံဗောတံတားပေါ်မှာ စစ်မေးကြပါတယ်။ ဖမ်းမိသူ
ငါးယောက်လုံးက ဒလမြို့သားများဖြစ်ကြောင်း၊ မီးရှို့ဖို့ လာသူ မဟုတ်ကြောင်း၊
မီးရှို့ဖို့ ဘာပစ္စည်းမှ မပါကြောင်း ပြောပေ မယ့် ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးက
တစ်ယောက် တစ်မျိုးအော်လိုက်၊ တစ်ယောက်ပြီး တစ်ယောက် ခေါင်းကို ရိုက်လိုက်၊
ရင်ဘက်ကို ကန်လိုက်နဲ့ ဆူညံနေပါတယ်။ အစက တည်းက ဒေါသထွက်နေ တဲ့ လူအုပ်ကြီးက
မေး ရင်းမေးရင်း အလိုလိုဒေါသ ပိုထွက် လာပါတယ်။ အဲဒီနောက် တစ်ဦးက စ ပြီး
ပါလာတဲ့ ရဲဒင်း နဲ့ စခုတ်လိုက်ချိန်မှာ နောက်လူတွေကလည်း ဓားနဲ့
ဝိုင်းခုတ်ကြပါတယ်။ မသေမရှင် ဖြစ်နေချိန်မှ တစ်ယောက်ချင်း တံတားစွန်း
တရွတ်တိုက်စွဲ သွားပြီး ခေါင်းကို သေသေချာချာ လှီးဖြတ်ပါတယ်။ အဲဒီနောက် ၅
ယောက်လုံးကို တံတားပေါ်က ပစ်ချပြီး ရေထဲချလိုက်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီအလောင်း တွေထဲက အစိတ်အပိုင်းအများစုက ဒလဘက်က
ကမ်းမှာ လာကပ်ပြီး ပုပ်ပွနေခဲ့ပါတယ်။
အဲဒီချိန်တုန်းက
ဒလမြို့သားတွေအားလုံး ဒီဖြစ်စဉ်ကို သိကြပါတယ်။ သူတို့တွေကို ရှစ်လေးလုံး
အကြောင်းမေးရင် ပြန်မပြောချင်ကြပါဘူး။ ရှစ်လေးလုံးဆိုတာ တကယ့်
အနိဌာရုံတစ်ခုလို့သာ မှတ်ချက် ပေးကြပါ တယ်။ ဒီလိုဖြစ်ရပ်မျိုးကို
အိပ်မက်ထဲမှာတောင် ပြန်မတွေ့လိုကြတော့ပါဘူး။ ဒီဖြစ်စဉ်မျိုးတွေဟာ အဲဒီကာလက
နေရာအနှံ့မှာ ဖြစ်ခဲ့တာပါ။ အထူးသဖြင့် ရန်ကုန်တစ်မြို့ လုံးမှာ
ဖြစ်ခဲ့ပါတယ်။ ရှစ်လေးလုံးကာလက ထဲထဲဝင်ဝင် လှုပ်ရှားခဲ့ဖူးသူ အားလုံးက
ဒီလိုဖြစ်စဉ်တွေကို ပိုသိကြပါတယ်။ ဒီလိုမေ့ပစ်စရာကောင်းတဲ့
အတိတ်ဆိုးမျိုးကို စာစီကုံးပြီး ခမ်းခမ်းနားနား ကျင်းပနေကြတဲ့ သူတွေကိုလည်း
စိတ်ပျက်ပါတယ်။ ရှစ်လေးလုံးဆိုတာ အရေးတော်ပုံပဲဖြစ်ဖြစ်၊
အရေးအခင်းပဲဖြစ်ဖြစ် ဘယ်လိုပဲ ခေါင်းစဉ်တပ်ပါစေ ၊ ဘယ်လိုပဲ ပိတ်ကားလှလှတွေ
ဆင်ထားပါစေပိတ်ကားနောက် မှာတော့ သွေး သံရဲနေတဲ့ အပြစ်မဲ့ပြည်သူများရဲ့
ခေါင်းပြတ်တွေ တန်းစီပြီး ရှိနေတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရ ပါဘူး…..။
ကိုသန်းဝင်း (ဒလ)
အမေ့အိမ်
0 comments:
Post a Comment