Tuesday, June 18, 2013

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများတွင် HIV/AIDSတွေ့ရှိမှုများလာ...



ထိုင်းနို်င်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများ
တွင် HIV/AIDSရောဂါတွေ့ရှိမှုများပြားလာကြောင်း မြန်မာလုပ်သားများ
ကိုကျန်းမာရေးကို စောင့်ရှောက်ပေးနေသော ရတ်ထိုင်းအဖွဲ့မှဦးအောင်မင်း
ကပြောကြားခဲ့သည်။

HIV/AIDS ရောဂါကူးစက်ခံရသော မြန်မာလုပ်သား
အသက် ငယ်ရွယ်သေးသူများ ပိုမိုများပြားလာပြီး အသက်(၁၅)နှစ် ၀န်းကျင်
လူငယ်များတွင်ပါ ရောဂါတွေ့လာရကြောင်းဦးအောင်မင်းက ဆက်လက်
ပြောကြားခဲ့သည်။

၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလအတွင်းကအလုပ်လုပ်ကိုင်ခွင့်
သက်တမ်းတိုးရာတွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်သည့်အခါ
ရောဂါကူးစက်ခံရသူ တွေ့ရှိရမှုများ ပိုများလာခြင်းဖြစ်သည်။HIV/AIDS
ကူးစက်ခံထားရခြင်းရှိ-မရှိစစ်ဆေးမှု မပြုလုပ်ရသေးသူများကျန်ရှိ
သေးကြောင်းသိရသည်။

"မဟာချိုင်ခရိုင်တွင် တရားဝင်မြန်မာလုပ်သား
သုံးသိန်းခန့်ရှိပြီးဆေးရုံ(၂)ရုံကစောင့်ရှောက်မှုများပေးနေပါတယ်''။မြန်မာ
လုပ်သားများတွင် HIV/AIDSရောဂါတွေ့ရှိမှုများပြားလာရခြင်းနှင့်ပတ်သက်
၍ ဦးအောင်မင်းကသုံးသပ်ပြောကြားခဲ့သည်။

အဆိုပါအဖွဲ့အနေနှင့်ရောဂါတွေ့ရှိသူများကိုARTဆေးရရှိရန် ကူညီဆောင်ရွက်ပေးသည့်အပြင်သွေးစစ်ဆေးခြင်းကိုအခမဲ့ ဆောင်ရွက်ပေးနေကြောင်းသိရသည်။

0 comments:

Post a Comment