Nissan GTR ကားတွေ ၂၀၀၉ ကတည်းက ခေတ်စားတာပါ။ လာမယ့် ၂၀၁၄ အတွက်လည်း မော်ဒယ်သစ် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတာကတော့ Edition မော်ဒယ်ပါ။
ဂျပန် Nissan ရဲ့  ထွက်သမျှထဲမှာ အမြန်ဆုံးဖြစ်လာမယ် လို့လည်း ဆို ပါတယ်။ အင်ဂျင်ပါဝါ ၄၀၀၀ စီစီ၊ ဆလင်ဒါ ၆ လုံးပူး၊ V အင်ဂျင်ကို အသုံးပြုပြီး မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၅၇၀ ရှိမှာ ဖြစ်ပါတယ်။ ဂီယာ ၆ ချက်ထိုးပါ။ အော်တိုနဲ့ ရိုးရိုး နှစ်မျိုးလုံး ထုတ်လုပ် ပါတယ်။
အမြန်ဆုံး မောင်းနှင်နိုင်မှုကတော့ တစ်နာရီ မိုင် ၂၁၀ အထက်မှာ ရှိမှာ မို့ ဖြစ်ပါတယ်။ Nissan က အတိအကျ မကြေညာရသေးပါဘူး။ သို့ပေမယ့် ထွက်ရှိထားသမျှ Nissan GTR များထက် အမြန်ဆုံး ဖြစ်မယ် လို့တော့ ကြိမ်းသေ ပြောထားပါတယ်။
လာမယ့် Top Gear ကားပြိုင်ပွဲ တီဗီစီးရီးမှာလည်း ပါဝင်လာစေ မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: autoblog
ColayAutomobile
.
http://www.colay.com.mm/
Tuesday, June 18, 2013
အမြန်ဆုံး GTR ဖြစ်လာမယ့် Nissan ပြိုင်ကား
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment