Monday, June 17, 2013
ဆေးပညာရှင်များ ဒေါက်တာဟု အမည်ရှေ့တွင် တပ်ဆင်သုံးစွဲသကဲ့သို့ အင်ဂျင် နီယာကောင်စီ အသိအမှတ်ပြု အင်ဂျင်နီယာများ၏ အမည်ရှေ့ တွင် Engr. ဟု တပ်ဆင်သုံးစွဲနိုင် ရန် မြန်မာနိုင်ငံအင်ဂျင်နီယာအ သင်းက အစီအစဉ်များပြုလုပ် နေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ကမကထ ပြုလုပ်ရေးဆွဲပြီး မကြာမီ လွှတ်တော်များ သို့တင်ပြမည့် မြန်မာနိုင်ငံအင် ဂျင်နီယာကောင်စီ ဥပေ ဒမူကြမ်းတွင် အဆိုပါအချက်ကို ထည့်သွင်းထား ခြင်း ဖြစ်သည်။ယင်းကဲ့သို့ အမည်ရှေ့ထည့် သွင်းသုံးစွဲခြင်းများကို နိုင်ငံတကာတွင်လည်း ကျင့်သုံးနေ ပါကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ပြန်ကြားရေးမှူးဦးကိုကိုက ရန် ကုန်တိုင်းမ် သို့ ပြော ကြားသည်။
ထိုဥပဒေသာ အတည်ဖြစ် ပါက မြန်မာနိုင်ငံတွင် အင်ဂျင် နီယာလောက အတွက် မိမိကိုယ်မိမိထိန်းကျောင်းပြီး အရည်အသွေးမြှင့်တင်ရေး ဆောင် ရွက်ပေးမည့် ပထမဆုံးသောကောင်စီတစ်ရပ် ပေါ်ထွန်းလာမည်ဖြစ်သည်။ အခန်း(၁၄)ခန်းပါ မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ မူကြမ်း ကို ရေးဆွဲ ပြုစုပြီး ဖြစ်ကာ အသင်းဝင်များ၏ အကြံဉာဏ်များကိုရယူရန် ရှိကြောင်းလည်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှသိရှိရသည်။
ထိုဥပဒေမူကြမ်းတွင် အင်ဂျင်နီယာများအား မှတ်ပုံတင် အင်ဂျင်နီယာ လက်မှတ်၊ မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာ လက်မှတ်၊ မှတ်ပုံတင် အင်ဂျင် နီယာပညာရှင် လက်မှတ်၊ မှတ်ပုံတင်ကန့်သတ်အင်ဂျင်နီယာလက် မှတ် စသည်ဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက အသိအမှတ်ပြု လက်မှတ်များထုတ် ပေးနိုင်မည် ဖြစ်သည်။
ထို့အပြင် ကောင်စီက အင်ဂျင်နီယာကျင့်ဝတ်သိက္ခာနှင့်အညီ လိုက်နာစောင့် ထိန်းရန် ပျက်ကွက်မှုများကို စုံစမ်းခြင်း၊ စစ်ဆေး ခြင်းနှင့် အရေးယူဆောင် ရွက်ခြင်းများ ပြု လုပ်နိုင်မည်ဟု သိရသည်။အဆိုပါကောင်စီဥပဒေမူ ကြမ်း အား အသင်းသားများအားလုံး ပါဝင်ဆွေးနွေးနိုင်ရန် အသင်းသားစုံညီ အထူးအစည်းအဝေး ကြီးကို ဇွန် ၂ဝရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ လှိုင်တက0x081က သိုလ်နယ်မြေရှိ မြန်မာနိုင်ငံအင် ဂျင်နီယာအသင်း၌ ကျင်းပမည် ဖြစ်ရာ အသင်းသားအားလုံးမပျက် မကွက်တက်ရောက်ကြပါရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း က နှိုးဆော်ထားသည်။
Yangon Media Group

0 comments:
Post a Comment