Tuesday, June 18, 2013

နည်းပြသစ်လက်ထက် နေရာ ပြန်ရရန် မျှော်လင့် ============================



ချဲလ်ဆီး တိုက်စစ်မှူး တောရက်စ်သည် ၎င်း အနေဖြင့် ဘာစီလိုနာသို့ မသွားလိုဘဲ နည်းပြ မော်ရင်ဟို လက်ထက်တွင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား ပြန်လည် ဖြစ်လာစေရန် မျှော်လင့်ကြောင်း ဆိုသည်။

အဆိုပါ စပိန် တိုက်စစ်မှူးသည် ၂၀၁၁ ဇန်န၀ါရီတွင် လီဗာပူး အသင်းမှ ချဲလ်ဆီးသို့ ပေါင် သန်း ၅၀ ဖြင့် ရောက်လာပြီးနောက် ခြေစွမ်းပိုင်း ရုန်းကန် နေခဲ့ရသည်။ သို့သော် ယမန်နှစ် ရာသီကုန်ခါနီတွင် တောရက်စ်မှာ ချဲလ်ဆီး အသင်းအတွက် ခြေစွမ်းများ ပြန်လည် ပြသကာ ဂိုးများလည်း သွင်းယူနိုင်ခဲ့ သည်။ တောရက်စ်ကမူ ၎င်း အနေဖြင့် နည်းပြ မော်ရင်ဟို လက်ထက် လာ မည့် ရာသီအသင်းမှာ ဆက်လက်၍ ခြေစွမ်းများ ပြသ လိုကြောင်း ပြောကြား ခဲ့သည်။ ဘာစီလိုနာ အသင်းက ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူရန် ပစ်မှတ် ထားနေကြောင်း သတင်းအတွက် ၀မ်းသာမိသော်လည်း ချဲလ်ဆီးမှာသာ ဆက်နေမည်ဟု တောရက်စ်က ဆိုသည်။ ချဲလ်ဆီး အသင်းသည် ယခု ရာသီ တွင် တိုက်စစ်မှူးသစ် များကို ခေါ်ယူမည် ဖြစ်၍ လာမည့် ရာသီမတိုင်မီ အ သင်းမှ ဦးစားပေးများ မဟုတ်သည့် တောရက်စ်နှင့် ဒမ်ဘာဘတို့မှာ အသင်းမှ ရောင်းထုတ်ခံရနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသလို ချဲလ်ဆီး အသင်း သည် နာပိုလီမှ ကာဗာနီ အပြင် ဒေါ့မွန်မှ လီဝင်ဒေါ့စကီးတို့ကို ပစ်မှတ် ထားေ နသည်။ တောရက်စ်သည် မော်ရင်ဟိုကို ရီးရဲလ်တွင် ရှိစဉ်က အသင်းမှ အဓိ က ဂိုးသမား ကားဆီးလက်စ်ကို နေရာ မပေးခဲ့သည့် လုပ်ရပ်အတွက် ထောက်ခံလိုက်ကြောင်း သိရသည်။


0 comments:

Post a Comment