Monday, June 17, 2013

လူမင်း - ဥက္ကဌသစ်လက်ထက်မှာ မူဝါဒတွေပြောင်းလဲဖို့ မရှိပါဘူး

ရုပ်ရှင်အစည်းအရုံးဥက္ကဌအ နားယူသွားတဲ့အပေါ်မှာ လောကသား တစ်ယောက်အနေနဲ့ ကိုယ်နဲ့ အလုပ်အတူတူလုပ်လာတဲ့သူတစ် ယောက် အနေနဲ့ရော၊ ကိုယ့်ရဲဘော် ရဲဘက်တစ်ယောက်အနေနဲ့ရော တကယ်ပဲ စိတ်မကောင်းပါဘူး။ တစ် ဖက်မှာလည်း သူ့ကျန်းမာရေး အ ခြေအနေက တကယ်ပဲ အနားယူ ဖို့လိုအပ်နေလို့ပါ။ ဒုဥက္ကဌနေရာ ကနေ ဥက္ကဌနေရာကို တာဝန် ထမ်း ဆောင်ရတဲ့ သူတစ်ယောက်ရဲ့ ခံ စားချက်ကတော့ ကိုယ်ဒီ ဆုံးဖြတ် ချက်ကို တော်တော်လေးဆုံးဖြတ်ခဲ့ရတယ်။

တကယ်တာဝန်ကြီးမယ့်ကိစ္စ၊ တာဝန်ယူရမယ့် ကိစ္စတွေ ဖြစ်နေလို့ပါ။ ဘာလို့ယူလိုက်လဲဆို တော့ တကယ်လည်း လိုအပ်တယ်။ ကိုယ့်လောက အနေနဲ့လည်း မဖြစ်မနေနဲ့ ကိုယ်တာဝန်ယူရမယ်။ တာဝန်ယူသင့်တယ်ဆိုတဲ့ အခြေအနေ တစ်ရပ်ကြောင့် တာဝန်ယူရတာပါ။ ကိုယ်တာဝန်ယူစဉ်မှာတော့ ကိုယ့် တာဝန်ကိုယ်ကျေအောင်တော့ လုပ်သွားမှာပါ။ ဦးဇင်ဝိုင်း ဥက္ကဌတုန်း ကလည်း အမျိုးမျိုးဝေဖန်မှုတွေ၊ ဖိအားတွေရှိခဲ့တော့ ကိုယ်တိုင်ရော ဘယ်လို ပြင်ဆင်ထားလဲဆိုတော့ လာမှာပါပဲ။ ဒါကလည်းဖြစ်ရိုးဖြစ် စဉ်ပါပဲ။ ဖြစ်ရိုးဖြစ်စဉ်ဆိုပေမယ့် ကာယကံရှင်မှာတော့ စိတ်အ နှောင့် အယှက်ဖြစ်ရတာပေါ့။ ဒါ ပေမဲ့ ကိုယ်ကတော့ ကိုယ့်ဘက်က အရိုးသားဆုံး၊ အဖြူစင်ဆုံး၊ အရှင်း ဆုံးနဲ့ပဲ တုံ့ပြန်ရင်ဆိုင်သွားမှာပါ။

အခုဥက္ကဌသစ်လက်ထက်မှာ ရော ဘယ်လို မူဝါဒအသစ်တွေ ပြောင်းဖို့ရှိလဲ ဆိုတော့ အရင်ကတည်းက ချထားတဲ့မူတွေကတော့ ပြောင်းလဲစရာမရှိ ပါဘူး။ ဥက္ကဌ သက်တမ်းမကုန်ခင်မှာ အနားယူသွားတဲ့အတွက် ဒီသက်တမ်း အတွင်းမှာ အရင်ကချထားတဲ့ မူတွေအတိုင်းပဲ ဆက်သွားမှာပါ။ ဗီဒီယို ကားတွေကို အကယ်ဒမီပေးမယ်ဆိုတဲ့အပေါ် ဥက္ကဌအသစ်အနေနဲ့ ဘယ်လို အကောင်အထည်ဖော်သွားဖို့ရှိလဲဆိုတော့ ကိုယ့်အနေနဲ့ကတော့ မဖြစ်နိုင် ဘူးလို့ သုံးသပ် ပါရစေ။ မပေးသင့်လို့ မဟုတ်ပါ ဘူး။

ပေးဖို့ မဖြစ်နိုင်တာပါ။ ဘာလို့လဲဆိုတော့ ဒီလောက်များပြား လှတဲ့ ထောင်နဲ့ချီတဲ့ ဗီဒီယိုကားတွေကြောင့်ပါ။ အကယ်ဒမီကိုတောင်မှ ဒီနှစ် ၁၇ ကားပဲရှိတာတောင် အကယ်ဒမီ ပေးပွဲ စိစစ်ရွေးချယ်အကဲဖြတ်အဖွဲ့ တွေက ဘယ်လိုဖွဲ့၊ ဘယ်လိုပေးရ မလဲဆိုတာ အင်မတန် ခက်ခဲရှုပ် ထွေးတဲ့ ကိစ္စပါ။ အဲဒီတော့ ထောင် နဲ့ချီတဲ့ ဗီဒီယိုကားတွေကို ဘယ်လို ပေးမလဲ။ ရုပ်ရှင်ကားတစ်ကားကိုနှစ် နှစ်ကျော် သုံးနှစ်စောင့်ရတဲ့ အပေါ်မှာ ဥက္ကဌ အသစ်အနေနဲ့ ဘယ်လို လုပ်ပေးဖို့ရှိလဲဆိုတော့ အဲဒါက ထုတ်လုပ်သူတွေရဲ့ စနစ်ပဲ။ ကိုယ်တို့ ကတော့ မြန်မြန်ဆန်ဆန် ရုံတင် ကားပြိုင်စနစ်နဲ့ ပြစေချင်တယ်။ ဒါပေမဲ့ ထုတ်လုပ်သူတွေက ငွေ ကြေးများစွာ စိုက်ထုတ်ထားတဲ့ အတွက် သေချာတဲ့ ငွေကြေးနဲ့ သေချာတဲ့ ရက်တစ်ခုကို ရချင်တဲ့ အတွက် တန်းစီစောင့်နေရခြင်းဖြစ်တာပါ။ အဲဒါက ကိုယ်တို့ချမှတ်တဲ့မူမဟုတ်ပါဘူး။ ထုတ်လုပ်သူ တွေရဲ့ သဘောတူညီချက်ပေါ့။

အခု လိုလွတ်လပ်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဖြစ်လာအောင် အားလုံးစည်းစည်းလုံးလုံး ညီညီညွှတ် ညွှတ်ရယူခဲ့ရတာပါ။ အခုချိန်မှာ လည်း အားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ၀ိုင်းဝန်းကူညီ ကြပါ။

8 DAYS A WEEK ENTERTAINMENT

0 comments:

Post a Comment