မကွေး၊ ဇွန်လ၁၇
မကွေးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဖွံ့ဖြိုးရေးအဖွဲ့မှလှူဒါန်းသည့် “စေတနာဖြိုး” လူနာတင်ယာဉ်ပေးအပ်ပွဲနှင့် အလှူငွေပေး လှူခြင်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အစည်းဝေးခမ်းမတွင်ကျင်းခဲ့ကြောင်းသတင်းရရှိသည်။ ပေးအပ်လှူဒါန်းသောလူနာတင်ယာဉ်မှာ ဘောက်ဆော အမျိုး အ စားဖြစ်ပြီး၊ဟိုက်ဟရောလစ်ဖြင့် လူနာမတင်နိုင်ခြင်း၊ အရေးပေါ် ချွဲစုပ်စက်များ ပါရှိခြင်း၏၊ အောက်ဆီဂျင် အိုး(၂) အိုးဖြင့် ပွိုင့်(၂)ခုတို့တပ်ဆင်ထား၍ အသေးစားကျန်းမာရေး သုံးဆေးဝါး ပစ္စည်းများ ပါရှိပြီး တန်ဘိုးကျပ်သိန်း(၃၇၅)သိန်းဖြစ်သည်ဟုသိရသည်။
မကွေးတိုင်းဒေသကြီး ၀န်ကြီး ချုပ်ဦးဘုန်းမော်ရွှေက ယခုလို လူနာတင်ယာဉ်(၂)စီးမှာယူခဲ့ပါကြောင်း တစ်စီးကိုမကွေးတိုင်းဆေးရုံကြီးသို့လှူဒါန်းခဲ့ပါကြောင်း၊ အစပထမတွင် ပခုက္ကူသို့ပို့ဆောင်မည်ဟု ရည် မှန်းထားသော်လည်း၊ မကွေး၊မင်းဘူး၊ရေနံချောင်း၊ တောင်တွင်းအစရှိသဖြင့် ဒေသများပါ မှီခိုနိုင် သောကြောင့်၊ မကွေးပြည်ခိုင်ဖြိုး တွင်ထားရန်ဆုံးဖြတ်လှူဒါန်းခြင်းဖြစ်သည်ဟုဆိုပါသည်။ “ အခြား လူမှုရေး အဖွဲ့အစည်းတွေအနေနဲ့ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးတာရှိနေပေမဲ့၊ မကွေးမြို့ ပေါ်မှာနေ ထိုင်မှုလူဦးရေတိုးပွားလာတာနဲ့အမျှ ကျန်းမာရေးကူညီစောင့်ရှောက်မှုလိုအပ်ချက်ရှိ လာနိုင် တဲ့အတွက်၊ ကျနော်တို့ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းအနေနဲ့အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး၊ပြည်သူ့ကျန်းမာ ရေးစောင့်ရှောက် မှုကို ရည်ရွယ် လုပ်ဆောင်ခဲ့တာပါ။
ကျနော်တို့အသင်းအနေနဲ့ယခုရက်ပိုင်းအတွင်းမှာပဲ နိုင်ငံတကာက၀င်ရောက် လာမဲ့အလုပ်အကိုင် အခွင့် အလန်းတွေမှာ လူငယ်တွေ အဆင်ပြေ ချောမွေ့စွာ ၀င်ရောက်လုပ်ကိုင် နိုင်ဘို့အင်္ဂလိပ် စကားပြော သင်တန်းကို သင်တန်းသား(၁၂၀)လောက်နဲ့ ဖွင့်ပေးနိုင်ခဲ့ ပါတယ်၊ပါတီဝင်မှမဟုတ်ဘဲ၊တခြား ပါတီဝင် သားသမီးများကိုပါ တက်ရောက်သင်ကြား လိုသူတိုင်း၊ သင်ကြားပေးခဲ့တာပါ၊ ဒါတွေအားလုံးဟာ ပြည် သူအကျိုးပြုလုပ်ငန်းအနေနဲ့လုပ်ကိုင် ဆောင်ရွက်တာဖြစ် ပါတယ်”ဟုပြည်ခိုင်ဖြိုးပါတီမကွေးခရိုင် အတွင်းရေးမှူး ဦးဆန်းညွန့်အောင်မှရှင်းပြောကြားခဲ့သည်။
ပြည်သူကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ရေးပေါ် လူနာတင်ယာဉ်အသုံးပြုခနှုံးထား များကို အသက် သာဆုံးဖြစ် အောင်စီမံဆောင်ရွက်ထားရှိပြီး၊လိုအပ်ချက်ရှိသူများအနေဖြင့် လူကိုယ်တိုင်လာရောက် ရန်မလို အပ်ဘဲ 0947200779သို့ဖုန်းများဖြင့်ဆက်သွယ်ခေါ်ယူနိုင်ပါကြောင်းသတင်းရရှိသည်။
ဦးမင်း (Popular Myanmar News Journal)
0 comments:
Post a Comment