Monday, June 17, 2013

"စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် နှင့် ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး များ နှင့် ရဲတပ်ဖွဲ့ဝင်များကို တရားမ၀င် လိုင်စင်မဲ့မော်တော်ကားများ မူးယစ်ဆေးဝါးကိစ္စများ လက်နှက်မှောင်ခို ကိစ္စရပ်များနှင့် ပတ်သက်သည် ဟုဆိုကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် နေပြည်တော်မှ ဒုရဲချုပ်ဦးဆောင်သော အဖွဲ့မှ ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ်နေ"

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ရဲတပ်ဖွဲ့မှူး ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူး အပါအ၀င် ကလေးခရိုင်အတွင်းရှိ ရဲအရာရှိအတော်များများကို ယမန်နေ့ (15-6-2013)နေ့ညနေပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် နေပြည်တော် မှ ဒုရဲချုပ်ဦးစီးသောအဖွဲ့မှာ နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ရဲအင်အား(၈၀)ခန့်ဖြင့်လာရောက်ကာ ဖမ်းဆီးထိန်းသိမ်းပြီး အကျယ်ချုပ်ဖြင့် စစ်ဆေးအရေးယူပြီး စစ်ဆေးတွေ့ရှိချက်များအပေါ်တွင် မူတည်ကာ လက်ရှိ ပိုင်ဆိုင်မှုအား ရဲအရာရှိတစ်ဦးလျှင် ကျပ်သိန်း(၁၀၀)အထိသာသတ်မှတ်မည် ဖြစ်ပြီး ကျန်သည့်အရေ အတွက်အား နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ် ပြီး အရာရှိငယ်တွေကိုတော့ ဘယ်နည်းဘယ်ပုံအရေးယူဆောင်ရွက် အပြစ် ပေးမည်ကို မသိရသေးကြောင်း ရဲချုပ်ရုံးမှတ်တမ်းတစ်ချို့နှင့်နီးစပ် သည့် ရဲအရာရှိကြီးတစ်ဦး ထံမှ စုံစမ်းသိရှိရပါသည်။ "ကလေးမြို့ကို လေယာဉ်နဲ့ရောက်လာတာ နေပြည်တော်ရဲတပ်ဖွဲ့ကလို့ မြို့ ထဲမှာပြောနေကြပါတယ်။ ရဲတွေကအများကြီးဆိုတော့ စိတ်ဝင်စားလို့ သွား ကြည့်တော့ ရဲ(၈၀)လောက်ပါတယ်။ ကလေးမြို့က ခရိုင်ရဲတွေ မြို့နယ်ရဲတွေ ကိုဖမ်းရအောင်လာတယ်လို့သိရတယ်။ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်က မူးယစ်ဆေးဝါးသယ်တာတွေ လက်နက်မှောင်ခိုလုပ်တာတွေ လိုင်စင်မဲ့ကာတင်သွင်းတာတွေ လုပ်နေလို့ လာဖမ်းတယ်လို့သိရပါသည်။ ရဲတွေကို ရဲတွေကဖမ်းမယ်ဆိုတော့ ယုံတောင်မယုံပါဘူး။အခုတော့ တစ်ကယ်ဖမ်းတာလို့ ဈေးဝယ်လာတဲ့ ရဲသားတစ်ယောက်ရဲ့ မိန်းက ဈေးထဲ မှာပြောနေတယ်။"လို့ ကလေးမြို့ရဲစခန်းအနီးနေအိမ်မှ အမျိုးသမီးတစ်ဦး ကဆိုပါတယ်။ (15-6-2013)နေ့ညနေပိုင်းမှစတင်ကာ ဖမ်းဆီးထားသော လိုင်စင်မဲ့ကား အရေအတွက်မှာ (၂၃)စီးရှိနေပြီဖြစ်ကြောင်းလည်းသိရပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအ ရာရှိတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဉ်ကတော့မှန်ကန်ကြောင်း သူတို့တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ဘာတစ်ခုမှမသိရ ပါကြောင်း နေပြည် တော် ရဲချုပ်ရုံးမှ ဒုရဲချုပ်ကိုယ်တိုင်ဦးစီးကွပ်ကဲ ဖမ်းဆီးဆောင်ရွက်နေ ပါ ကြောင်း ပြောကြားခဲ့ပါသည်။ ဒီပြသနာရပ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့မှူး ပါ အရေးယူခံရနိုင်ဖွယ်ရှိပါတယ်။မူးယစ် ရဲသတင်းတပ်ဖွဲ့ တို့လည်း အဆစ်ထဲ့ ပြီးပါသွားနိုင်ပါသေးတယ်။ တိုင်းရဲတပ်ဖွဲ့မှူးကတော့ လက်ပန်းတောင်းတောင် အရေးနှင့်ပတ်သက်ပြီး မျက်နှာသာပေးရင်တော့ သက်သာရနိုင်ဖွယ် ရှိပါတယ်လို့ လည်း တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိငယ်တစ်ဦး ကလည်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

0 comments:

Post a Comment