Sunday, May 5, 2013

ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေး ခေါ်ယူ

နိုင်ငံတော်သမ္မတကထုတ် ပြန်ထားသောအမိန့်များနှင့်ပတ်သက်၍အတည်ပြုပေးရန် ပြည်ထောင်စုလွှတ်တော် ပထမအထူး အစည်းအဝေးကို မေ ၂၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတက ထုတ်ပြန်ထားသည့်ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၁၃ ကို ထုတ်ပြန်ပြီး အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့်စပ်လျဉ်း၍ အတည်ပြုချက်ရယူနိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေများအရ ယခုကဲ့သို့ အထူး အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ယနေ့ကြေညာသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်နှင့် လွှတ်တော်အမတ်အချို့မေလ ၃ရက်က ရန်ကုန်မြို့ရှိ လွှတ်တော်ရုံးခန်းတွင် တွေ့ဆုံစဉ် ဦးခင်အောင်မြင့်က ပြောကြားခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကပြောသည်။

“၁၄၄ နဲ့ ပတ်သက်ပြီး သမ္မတ ထုတ်ထားတဲ့အမိန့် ရက်ပေါင်း ၆၀ မကျော်ခင်ပြန် ရုပ်သိမ်းရင် ခေါ် စရာမလိုဘူး။ ရက်ပေါင်း ၆၀ ကျော် တဲ့ထိ မရုပ်သိမ်းနိုင်သေးဘူးဆိုရင် လွှတ်တော်ကပြန်ပြီး အတည်ပြုပေးရတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပုသိမ်မြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က ပြောသည်။ မိတ္ထီလာမြို့ရှိ စာသင်ကျောင်းများတွင် နေထိုင်ကျသော ဒုက္ခသည်များအနေဖြင့် ကျောင်းမဖွင်မီ ၁၀ ရက်စော၍ ပြောင်းရွေ့ရန်သက် ဆိုင်ရာက ညွှန်ကြားထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီ လာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးဝင်ထိန်းကပြောသည်။

မကြာသေးမီ ရက်ပိုင်းက အိုးအိမ်ပျက်စီးခြင်းမရှိသော ဒုက္ခ သည်များအားနေအိမ်သို့ ပြန်ရန် သက်ဆိုင်ရာကခွင့်ပြုပေးခဲ့သည်။

မိတ္ထီလာမြို့တွင် ပဋိပက္ခဖြစ်ပွားပြီးနောက် နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖိုနှင့် မင်းလှ မြို့နယ်များကို ကူးစက်သဖြင့်ထိုမြို့များကိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။

7Day News Journal

0 comments:

Post a Comment