Saturday, June 1, 2013

ဟစ်ဇ်ဘိုလာ အဖွဲ့၏ လက်နက် သိုလှောင်ရုံ တစ်ခုအား နိုက်ဂျီးရီးယားတွင် တွေ့ရှိ


နိုင်ဂျာ မေ ၃၁

ဟစ်ဇ်ဘိုလာ အဖွဲ့ ပိုင်ဆိုင်သည် လက်နက် သိုလှောင်ရုံ တစ်ခုကို နိုက်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်းတွင် တွေ့ရှိ ခဲ့ကြောင်း ယင်းနိုင်ငံ အတွင်းရှိ စစ်တပ်နှင့် စုံစမ်း စစ်ဆေးရေး အေဂျင်စီ တို့က မေ


၃ဝရက်တွင် ပြောကြားသည်။

အဆိုပါ လက်နက် သိုလှောင်ရုံကို နိုက်ဂျီးရီးယား မြောက်ပိုင်းရှိ စီးပွားရေး အချက် အချာ ကျသော မြို့တစ်မြို့ ဖြစ်သည့် ကန်နိုမြို့တွင် တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ယင်း သိုလှောင်ရုံ အတွင်း၌ တင့်ဖျက် လက်နက် ၁၁ ခု၊ တင့်ဖျက် မိုင်းလေးလုံး၊ ဒုံးပစ်လောင်ချာ ၂၁ ခု၊ ဗု-၄၇ သေနတ် ၁၇ လက်၊ စက်သေနတ်ငယ် နှစ်လက်နှင့် လက်ပစ်ဗုံး ၇၆ လုံးတို့ ပါဝင်ကြောင်း၊ လက်နက်များနှင့် အတူ လက်ဘနွန်နိုင်ငံသား သုံးဦးကို ဖမ်းဆီးမိခဲ့ကြောင်း နိုက်ဂျီးရီးယား စစ်တပ်မှ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် အီရာဆူ အီဆာအက်ဘာက ပြောကြားသည်။

၎င်း လက်နက်များသည် အစ္စရေးနှင့် အနောက် နိုင်ငံ များကို တိုက်ခိုက် ရာတွင် အသုံးပြုရန် အတွက် ရည်ရွယ် ထားသည့် ပစ္စည်းများ ဖြစ်နိုင်ဖွယ် ရှိသည်ဟု နိုက်ဂျီးရီးယား အမျိုးသား လုံခြုံရေးဌာနမှ ညွှန်ကြားရေးမှူး ဖြစ်သူဘက်ဆီအက်တန်က ပြောကြားခဲ့သည်။

(အင်တာနက်)

0 comments:

Post a Comment