မြန်မာနိုင်ငံကို ပြန်လည်ထူထောင်မည် ဆိုပါက စေတနာရှိရုံဖြင့် မရဘဲ အကောင်အထည် ဖော်နိုင်သည့် အရည်အချင်းနှင့် သတ္တိများ ရှိရမည် ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၂၉ ရက်က ပြောကြားသည်။
ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာန(IBC)၌ ရခိုင်တိုင်းရင်းသား မိသားစုများနှင့် တွေ့ ဆုံပွဲ ပြုလုပ်ရာတွင် ပြည်ထောင်စု လွှတ်တော် နာယကက ယင်းကဲ့သို့ ထည့်သွင်း ပြောကြား သွားခြင်း ဖြစ် သည်။
''စေတနာရှိရုံနဲ့ မရဘူး။ စေတနာကို အကောင်အထည် ဖော်နိုင်တဲ့ အရည် အချင်းတွေ ကျွန်တော်တို့မှာ ရှိဖို့လိုတယ်။ စေတနာကတော့ ရှိကြတာပဲ။ ဒါပေမဲ့ တကယ်ကောင်းအောင် လုပ်နိုင်တဲ့ အရည်အချင်းရှိဖို့ လိုတယ်။ လုပ်တဲ့အခါမှာလည်း သတ္တိရှိရှိ လုပ်ဖို့လိုတယ်။ မျှမျှတတ လုပ်ဖို့လိုတယ်။ မှန်မှန်ကန်ကန် လုပ်ဖို့လိုတယ်။ စနစ်တကျ လုပ်ဖို့လိုတယ်'' ဟု ပြည်ထောင်စု လွှတ်တော်နာယကက ဆိုသည်။
ယခု ကြားနေရသည်မှာ ဖက်ဒရယ်စနစ် ဖြစ်ကြောင်း၊ ယခင်က ကွဲထွက် သွားလိမ့်မည်၊ ခွဲထွက်သွားလိမ့် မည် ဆိုသော အယူအဆကြောင့် ဖက်ဒရယ် ဆိုသည်ကို မပြောရဲခဲ့ကြောင်း၊ ယနေ့တွင်မူ ဖက်ဒရယ် ဆိုသည် မှာ ပေါင်း စည်းပြီး မိမိနိုင်ငံ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် ပေါင်းစုပြီး တာဝန်ယူကြခြင်းနှင့် ခွဲခြားပြီး တာဝန် ယူကြခြင်းသာ ဖြစ်ကြောင်း၊ တစ်နည်း အားဖြင့် အာဏာခွဲဝေသုံးစွဲခြင်း၊ အရင်းအမြစ် ခွဲဝေသုံးစွဲခြင်းဖြစ်ပြီး ယင်းကိစ္စကို အကောင် အထည် ဖော် မည့် သူ အနေဖြင့် ဖြစ်လာသမျှကို တာဝန်ယူရဲရမည်ဟုလည်း ပြည်ထောင်စု လွှတ်တော်နာယက က ပြောကြားသည်။
''ဒီလိုလုပ်တဲ့ နေရာမှာ မျှမျှတတ၊ မှန်မှန်ကန်ကန် ဖြစ်ဖို့က အရေးကြီး ပါတယ်။ မျှမျှတတ ဖြစ်ဖို့ဆိုရင် အခုလို အမြင်တွေ၊ သဘောထားတွေ ပွင့်လင်းမြင် သာစွာ တင်ပြ။ ဆွေးနွေးဆုံးဖြတ်၊ ရတဲ့ဆုံးဖြတ်ချက်ကို တာဝန်ယူတဲ့သူက ကျွန်တော်က တာဝန်ရှိတယ်။ ကျွန်တော် တာဝန်ခံ တယ်။ ဖြစ်လာလို့ရှိရင် ကျွန်တော့် မှာ တာဝန်ရှိတာနဲ့အညီ တာဝန်ရှိသလို အရေးယူပါဆိုတဲ့ တာဝန်ယူရဲတဲ့ သတ္တိလည်း ရှိရမယ်။ တာဝန် ယူပြီး ဖြစ်ပေါ် လာတဲ့ အကျိုးဆက်ကို တာဝန်မယူရဲဘူး ဆိုရင်လည်း ဒီပုဂ္ဂိုလ်၊ ဒီအဖွဲ့ အစည်း က ဒီမှာရှိဖို့ မသင့်ဘူး'' ဟု သူရဦးရွှေမန်းက ဆိုသည်။
လွှတ်တော် အနေဖြင့် အမှန်တကယ် ပြည်သူများ၏ ဆန္ဒကို ဖြည့် ဆည်းပေးနိုင်ပြီလား ဆိုပါက မဆောင် ရွက်ပေး နိုင်သေးဘူးဟုဆိုရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မဆောင်ရွက်ပေးနိုင်သည့် နေရာတွင် အခက် အခဲ ရှိသည့်အတွက် မျက်ကွယ်ပြုထားမည် ဆိုပါက တာဝန်ကျေ ရာရောက်မည် မဟုတ်ကြောင်း၊ ပြည်သူ့ ကိုယ်စားလှယ်ပီပီ ပြည်သူများ ၏ မျှော်လင့်ချက်၊ ပြည်သူများ၏ ဆန္ဒ၊ လိုအပ်ချက်များကို မဖြစ်ဖြစ်အောင် ကြိုးစားဆောင်ရွက် ပေးရမည်မှာ လွှတ်တော်၏တာဝန်၊ ပြည်သူ့ ကိုယ်စား လှယ် များ၏ တာဝန် ပင် ဖြစ်ကြောင်း လည်း သူရဦးရွှေမန်း က ပြောကြား သည်။
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းသည် လွှတ်တော် ရပ်နားထားသည့် စက်တင်ဘာ လအတွင်း ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် '၀' အဖွဲ့များနှင့် တွေ့ဆုံခြင်း၊ တောင်ကြီး၊ လားရှိုး စသည်တို့ တွင် လက်နက်ကိုင် အဖွဲ့များ အပါအ၀င် ရှမ်းတိုင်းရင်းသား ဒေသခံများ၊ တနင်္သာရီတိုင်း ဒေသကြီး ထား ၀ယ်၊ ကော့သောင်း၊ မြိတ်စသည့် ဒေသများမှ ဒေသခံများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ယခု ရခိုင်တိုင်းရင်း သား များနှင့် တွေ့ဆုံခြင်း ဖြစ်ေ ကြာင်း သိရသည်။
ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံစဉ်အတွင်း ၎င်းတို့တင်ပြခဲ့သော နယ်စပ် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက် သွယ်ရေး ၊ လျှပ်စစ်မီး ကိစ္စများသည် ဒေသတွင်းသာမက တစ်နိုင်ငံ လုံး ဆောင် ရွက်ရမည့် ကိစ္စများဖြစ်သည့် အတွက် တစ်ချိန်တွင် မြန်မာနိုင်ငံ ၏ Master Plan တစ်ခု ဖြစ်လာနိုင် ကြောင်းလည်း သူရဦးရွှေမန်း က ပြောကြားသွားသည်။
Eleven Media Group
0 comments:
Post a Comment