မြန်မာ နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခအခြေအနေများကြောင့် ဆီးဂိမ်းပြိုင်ပွဲသို့လာရော က်မည့်
အားကစားသမားများ၊ အသင်း တာဝန်ရှိသူများနှင့် ပရိသတ်များ အနေဖြင့်၎င်းတို့၏
အသက်အန္တ ရာယ်လုံခြုံရေးအတွက် စိုးရိမ်ပူ ပန်မှုရှိမနေရန် အားကစားဝန်ကြီး
ဌာနဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း လူမျိုးခြားများနှင့်ဖြစ်ပွားခဲ့သည့်
ကိစ္စရပ်များကြောင့် ဆီးဂိမ်းပြိုင်ပွဲသို့လာ ရောက် ယှဉ်ပြိုင် မည့် ဘာသာခြား
နိုင်ငံတချို့မှ စိုးရိမ်ပူပန်မှု ရှိနေရာ ယင်းတို့၏လုံခြုံရေးအပေါ် မြန်မာ
အစိုးရက အာမခံ ချက်ပေးခဲ့ သည်။မြန်မာနိုင်ငံရှိဆီးဂိမ်းပြင်
ဆင်မှုနှင့်ပတ်သက်၍ မလေးရှား အားကစား ကလောင် ရှင်များ လာ ရောက်လေ့လာစဉ်
အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော် ဝင်းနှင့်တွေ့ဆုံစဉ် လုံခြုံရေးအ
ခြေအနေ အပေါ်ရှင်းလင်း ခဲ့ခြင်း ဖြစ် သည်။
''ဆီးဂိမ်းပြိုင်ပွဲမှာလြုံ ခုံရေး
ကို တင်းတင်းကျပ်ကျပ်ချသွားမှာ ပါ။ ဒီကိုလာလို့လေယာဉ်ပေါ်က နေဆင်းလာ တာနဲ့
လုံခြုံရေးကို အမြင့်ဆုံးအခြေအနေမှာထား ပြီးစောင့်ရှောက်သွားမှာပါ။ အားကစားကွင်းတိုင်းမှာလဲ ရဲစခန်း တွေထားရှိသွားမှာဖြစ်လို့ ဘာမှ စိုးရိမ်စရာမလိုပါဘူး''ဟြုေ ပာသည်။
ဒုဝန်ကြီးဦးဇော်ဝင်းအနေဖြင့် လုံခြုံရေးတင်းကျပ်စွာချထား မည်ဟုဆိုခဲ့သော်လည်း ဆီးဂိမ်း ပြိုင်ပွဲကျင်းပမည့် လေးနေရာအတွက် လုံခြုံရေးအင်အား အရေအ တွက်မည်မျှထားရှိမည်ဆိုခြင်းအ ပေါ်ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိကြောင်းသိရသည်။
ထို့အပြင်မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Dr. Ahmad Faisal က ''မလေးရှား နိုင်ငံသားတွေ အနေနဲ့ ဆီးဂိမ်း ကျင်းပတဲ့နေရာတွေ မှာပဲနေ
ထိုင် သင့်ပါတယ်။ မြန်မာနိုင်ငံသားတွေ က ယဉ်ကျေးသလို ဧည့်ဝတ်ကျေ
ပွန်တဲ့သူတွေပါ။ ဒါပေမဲ့ မြန်မာနိုင်ငံသားတွေရဲ့စိတ်ဟာ ပြိုင်ပွဲ
အရှိန်မြင့်လာခဲ့ရင် စိတ်ခံစားမှုက အမြင့်ဆုံးကို ရောက်လာတတ်ကြတယ်။
ဒါကြောင့်ကျွန်တော်တို့ရဲ့ ပရိသတ်တွေအနေနဲ့ အားကစား ပြိုင်ပွဲတွေ
သွားရောက်ကြည့်ရှုရာမှာ အပြုအမူတွေ၊ စိတ်ခံစားမှု တွေကို
ထိန်းချုပ်ထားဖို့လိုပါလိမ့် မယ်''ဟု တိုက်တွန်းခဲ့ သည်။
ထို့အပြင်
မလေးရှားအား ကစားကလောင်ရှင်အဖွဲ့ဥက္ကဋ္ဌ Ahmed Khawariကလည်း မိမိ
တို့အနေဖြင့် ယခုလိုလာရောက် လည်ပတ်ရာတွင် အဖွဲ့အစည်းများ က
ပြင်ဆင်ထားမှုအသေးစိတ်အ ချက်အလက်များ၊ ကျွန်ုပ်တို့ကြောက် ရွံ့သည့်
ကိစ္စရပ်များအပေါ်အသေး စိတ်ရှင်းလင်းပေးခဲ့ကြောင်း၊ သိ လိုသည်များထက်
ပိုမိုသိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
Yangon Media Group
0 comments:
Post a Comment