Wednesday, September 28, 2016

တောင်ကိုရီးယားနိုင်ငံမှ Shinhan ဘဏ်ကို လုပ်ငန်းလုပ်ပိုင်ခွင့်လိုင် စင်ထုတ်ပေး


တောင်ကိုရီးယားနိုင်ငံမှ Shinhan ဘဏ်ကို လုပ်ငန်းလုပ်ပိုင်ခွင့်ဘဏ်လိုင်စင်ထုတ်ပေးခဲ့တယ်လို့ ဗဟိုဘဏ်ထုတ် ပြန်ချက်အရသိရပါတယ်။

ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်လိုင်စင် ဒုတိယအကြိမ်လျှောက်လွှာခေါ်ယူမှုကို ၂၀၁၅ ခုနှစ်အကုန်ပိုင်းကခေါ်ယူခဲ့ ပြီး ဗဟိဘဏ်သတ်မှတ်ထားတဲ့နောင်းဆုံးရက်ဖြစ်တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ထိုင်ဝမ်မှ Cathay United ဘဏ်၊ Taiwan Business ဘဏ်၊ Taiwan Cooperative ဘဏ်၊ Taiwan Shin Kong Commercial ဘဏ်၊ Mega InternationalCommercial ဘဏ်၊ First Commercial ဘဏ်၊ E.Sun Commercial Bank နဲ့ CTBC ဘဏ်တို့လျှောက်ထားခဲ့ကြီးပါတယ်။

ဒါ့အပြင်တောင်ကိုရီးယားနိုင်ငံမှ Shinhan Bank နဲ့ KB Kookmin ဘဏ်၊မောရစ်ရှနိုင် ငံမှ State Bank of Mauritius၊ အိန္ဒိယနိုင်ငံမှ StateBank of India ဘဏ်နဲ့ ဗီယက်နမ်နိုင်ငံမှ Investment andDevelopment of Vietnam တို့ကလည်း ၀င်ရောက်လျှောက်ထားခဲ့ကြတာဖြစ်ပါတယ်။

လျှောက်ထားတဲ့ဘဏ်တွေထဲက ထိုင်ဝမ်က E.Sun Commercial Bankနဲ့ အိန္ဒိယနိုင်ငံမှ State Bank of India ဘဏ်နှစ်ခုသာ လိုင်စင်ထပ်မံရရှိဖို့ ကျန်နေတာလည်းဖြစ်ပါတယ်။

Shinhan Bank ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို နိုင်ငံခြားဘဏ်စီစစ်ရွေးချယ်ရေးကော်မတီက အခုလ ၂၀ ရက်နေ့မှာ အတည်ပြုခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။

လူဦးရေသန်း ၅၀ ကျော်ရှိတဲ့ နိုင်ငံတွင်းဘဏ္ဍာရေးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးစေဖို့ ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားဘဏ် တွေကို အကန့်အသတ်တွေနဲ့ ၀င်ရောက်လုပ်ကိုင်ခွင့်ပေးနေတာလည်းဖြစ်ပါတယ်။

ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းကတော့ လုပ်ငန်းအတွေ့အကြုံနဲ့ရင်းနှီးငွေအရယှဉ်ပြိုင်နိုင်မှုအားနည်း ချက်တွေရှိနိုင်တာမို့ နိုင်ငံခြားဘဏ်လုပ်ငန်းတွေကို ပြည်တွင်းမှာအပြည်အ၀ရင်းနှီးလုပ်ကိုင်ခွင့်ပေးဖို့စောနေ သေးတယ်လို့ ထောက်ပြမှုတွေရှိနေပါတယ်။


Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment