အင်္ဂါဂြိုဟ်ပေါ် သွားရောက်နယ်ချဲ့မယ့် အစီအစဉ်အသေးစိတ်နဲ့ပတ်သက်လို့ SpaceX တည်ထောင်သူနဲ့ စီအီးအို Elon Musk က ထုတ်ဖော်သွားပါတယ်။
" ဂြိုဟ်တွေ တစ်ခုနဲ့ တစ်ခုပေါ်ကို သယ်ယူပို့ဆောင်ပေးနိုင်ရေး စနစ်" ဆိုတဲ့
အစီအစဉ်ကို Musk က မက္ကဆီကိုက နိုင်ငံတကာအာကာသဆိုင်ရာ
ကွန်ဂရက်မှာ ရှင်းလင်းထုတ်ဖော်သွားပါတယ်။

အင်္ဂါဂြိုဟ်ပေါ် သွားမယ့် SpaceX က စီစဉ်ထားတဲ့ ရည်ရွယ်ချက်တွေရဲ့
ရည်မှန်းချက်ကတော့ လူသားတွေကို ဂြိုဟ်ပေါင်းစုံ ပေါ် သွားရောက်နိုင်
မယ့် သတ္တ၀ါတွေအဖြစ် ပြောင်းလဲပေးသွားလိုတာပဲဖြစ်တယ်လို့ ၎င်းက
ပြောကြားပါယတ်။ ယခင်ကတည်းက လူသားတွေကို ဂြိုဟ်ပေါင်းစုံ
သွားရောက်နေထိုင်နိုင်အောင်လုပ်ဖို့အတွက် SpaceX ကို စတင်တည်
ထောင်ခဲ့တာလို့လည်း ပြောပါတယ်။

ယင်း ပွဲမှာ ပြသသွားတဲ့ ဗီဒီယိုထဲက ယာဉ်ကတော့ အမှန်တကယ်
အင်္ဂါဂြိုဟ်ပေါ် ပို့ဆောင်ပေးဖို့ ရည်ရွယ်ထားတဲ့ ယာဉ်ပုံစံမျိုးဖြစ်တယ်လို့
၎င်းက ဆိုပါတယ်။ အလားတူ ယာဉ်ပေါ်မှာ လူ ၁၀၀ လောက်ကို
တင်ဆောင်သွားဖို့ ရည်ရွယ်ပြီး ဂြိုဟ်ပေါ်မှာ နေထိုင်ရာမှာ လိုအပ်မယ့်
ကုန်ပစ္စည်းတွေကိုပါ တင်ဆောင်နိုင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အင်္ဂါဂြိုဟ်ကတော့ လက်ရှိ နေအဖွဲ့အစည်းထဲမှာ လူသားတွေ သွား
ရောက်နေထိုင်ဖို့ အဖြစ်နိုင်ဆုံးနေရာတစ်ခုလို့ ဆိုရပါလိမ့်မယ်၊ ယင်းဂြိုဟ်
ပေါ်မှာဆိုရင် တစ်နေ့တာကြာ်မင့်ချိန် ၂၄ ဒသမ ၅ နာရီ ရှိပြီး ဆွဲငင်အားလည်း
ရှိပြီးတော့ အပင်တွေ ရှင်သန်နိုင်ဖို့အတွက်လိုတဲ့ နိုက်ထရိုဂျင်လိုမျိုး
အရင်းအမြစ်တွေပါ ရရှိနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ပထမဆုံး သွားရောက်မယ့် မစ်ရှင်မှာတော့ သွားရောက်
မယ့်သူတွေအတွက် သေဆုံးနိုင်ခြေတော့ မြင့်မားတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ ဒီလို မသွားခင်မှာ " သေဖို့ ပြင်ဆင်ထားပြီးပြီလား" ဆိုတဲ့
မေးခွန်းကို အရင်စဉ်းစားထားရမယ်လို့ ဆိုပါတယ်။

Elon Mask က သူကိုယ်တိုင်လည်း အင်္ဂါဂြိုဟ်ပေါ် လိုက်ပါသွားနိုင်ကြောင်း
ပြောပါတယ်။ " တကယ်လို့များ တစ်ခုခု အမှားအယွင်းဖြစ်ပြီးတော့
ကျွန်တော်သေသွားခဲ့မယ်ဆိုရင်လည်း ဒီအစီအစဉ်မျိုး နောက်ထပ်
ကုမ္ပဏီက ဆက်လုပ်သွားနိုင်အောင်လည်း သေချာစီစဉ်ထားပြီးဖြစ်ပါတယ်" လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ယင်းဂြိုဟ်ပေါ်သွားရောက်ဖို့အတွက် အဓိကပြဿာနာတစ်ခုက ကုန်ကျစရိတ်ပိုင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဦးကို ဒေါ်လာ ၂၀၀,၀၀၀
လောက်ထိ လျှော့ချပေ့းနိုင်မယ်ဆိုရင် လက်မှတ်ဝယ်လိုသူတွေများလာနိုင်
မှာဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသွားပါတယ်။ နောက်ဆုံးအနေနဲ့
ဈေးနှုန်းပိုင်းကို ဒေါ်လာ ၁၀၀,၀၀၀ အထိ လျှော့ချသွားနိုင်ကြောင်း ၎င်းက
ပြောပါတယ်။

Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment