Wednesday, September 28, 2016

ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းများ ဖော်ပြထားတဲ့ ရန်ကုန်မြို့ပြအမွေအနှစ်မဟာဗျူဟာ ထုတ်ပြန်


ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ကမြို့ပြအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး
ဲ့ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး အတွက်မျှော်မှန်းချက်နဲ့ နည်းဗျူဟာများကို ဖော်ပြထားတဲ့ ရန်ကုန်မြို့ပြအမွေအနှစ် မဟာဗျုဟာကို ယနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါမဟာဗျူဟာမှာ စိမ်းလန်းနယ်မြေများ တိုးချဲ့ရေးက စတင်ပြီး ရန်ကုန်မြို့လယ်ရှိ လမ်းစနစ်များကို အဆင့်မြှင့်တင်ပြီး အနာဂတ်မှာ နိုင်ငံတကာ အနုပညာနဲ့ ယဉ်ကျေးမှု အချက်အချာမြို့ဖြစ်လာရေးအထိ စုံလင်သော လုပ်ငန်းစီမံချက်၂၄ ရပ် ကို ထည့်သွင်းဖော်ပြထားပါတယ်။

"ရန်ကုန်မြို့ကို ပုံသွင်းဖို့အတွက် လာမယ့်လပိုင်းအတွင်းချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေဟာ ကျန်တဲ့ ၂၁ရာစုကုန်အထိသက်ရောက်မှုတွေ ရှိနေမှာပါ။ ရန်ကုန်မြို့ကို ဒေသတွင်းမှာအရေးပါတဲ့ မြို့တစ်မြို့ ဖြစ်လာအောင် အသစ်နဲ့အဟောင်း မှန်ကန်စွာ ရောယှက်နိုင်ရမယ်၊ မြို့ကို ခေတ်မီစေပြီးတစ်ချိန်တည်းမှာပဲ သူမတူတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်နိုင်ရမယ်၊ နေချင့်စဖွယ်ဖြစ်အောင် စီမံနိုင်ရပါလိမ့်မယ်။ 
အနာဂတ်ရင်းနှီးမြှုပ်နှံမှုတွေ၊ ပညာရှင်တွေကို ဆွဲဆောင်ပြီး ထိန်းသိမ်းထားနိုင်ဖို့၊ ရန်ကုန်မြို့ကို စိတ်ကူးသစ်နဲ့ ဖန်တီးတဲ့ လုပ်ငန်းသစ်တွေရဲ့ အချက်အချာဖြစ်စေဖို့က အဓိကသော့ချက်ပဲ ဖြစ်ပါတယ်" လို့ YHT ရဲ့ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း ပြည်တွင်း၊ ပြည်ပကပညာရှင်ျား၊ အစိုးရ၊ မြို့ခံပြည်သူများနဲ့ ဆွေးနွေးမှုတွေကရရှိလာတဲ့ အကြံဥာဏ်များနဲ့ YHT ရဲ့ စိတ်ကူးတွေကိုမဟာဗျူဟာထဲမှာ စုစည်းဖော်ပြထားခြင်းဖြစ်ပြီး အစိုးရအတွက်လည်း အထောက်အပံ့ ဖြစ်စေဖို့ မျှော်လင့်တယ်လို့ YHT က ဆိုပါတယ်။

ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်ရန်၊ အခြေချနေထိုင်ရန် အဆင်ပြေစေရေးအတွက် နေချင်စဖွယ်ဖြစ်လာစေရန်အခြေခံ အချက်အလက် ၁၂ ချက်ကို ဖော်ပြထားပြီး ကျစ်လျစ် သိပ်သည်းသောမြို့ ဖြစ်ခြင်း၊ ချိတ်ဆက်မှုကောင်းမွန်သော ပို့ဆောင်ဆက်သွယ်ရေးစနစ်များရှိခြင်း၊သဘာဝဘေး အန္တရာယ်ဒဏ်များအား ခံနိုင်ရည်ရှိခြင်း၊ အသွေးစုံလင်သည့် အသိုင်းအဝိုင်းများ ယှဉ်တွဲနေထိုင်ခြင်း၊မြို့နေပြည်သူများ အနေဖြင့် မြို့ပြဆိုင်ရာ အကြောင်းအရာများမှာပါဝင် ဆက်သွယ်ထိတွေ့ခြင်းပိုမိုအားကောင်းလာသောစီးပွားရေး၊ ကောင်းမွန်သော ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာအခြေခံအဆောက် အဦများ ရှိခြင်း၊အရည်အသွေးမြင့်ပြီး အများပြည်သူဝင်ထွက် သွားလာနိုင်တဲ့ ပန်းခြံများ၊စာကြည့်တိုက်များ၊ ပြဇာတ်ရုံများ စသောအများပိုင်နေရာများရှိခြင်း၊ အားကောင်းသောတရားဥပဒေစိုးမိုးမှု ရှိခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ထားသော သူမတူထူးခြားသော သဘာဝဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ တည်ဆောက်ထားသောအမွေအနှစ်များရှိခြင်း၊ မြို့နေပြည်သူများ စရိတ်တတ်နိုင်ခြင်းစသော အချက်အလက်များဟာ ဖွံ့ဖြိုးတိုးတက်မှုအ တွက် အဓိကအချက်များဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့ပြအမွေအနှစ်မဟာဗျူဟာအပြည့်အစုံကိုwww.yhtliveableyangon.org မှာ လေ့လာကြည့်ရှုနိုင်ပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment