
မကွေး တိုင်းဒေသကြီးအတွင်း ရေနံမြေ ခုနစ်ခု ရှိပြီး ယခုနှစ်ခြောက်လပတ် ကာလအတွင်း ရေနံတွင်း ၉၉၃ တွင်းမှ
ရေနံစည် ၁၁၇၃၆၃၄ စည် လျာထားခဲ့ပြီး ရေနံစည်ပေါင်း ၁၀၀၀၀၄၆ စည်ထုတ်လုပ် နိုင် ခဲ့၍ ရာခိုင်နှုန်းအားဖြင့် ၈၆ ဒသမ ၁၅ ရာခိုင်နှုန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
နိုင်ဦးက ပြောကြားသည်။
မကွေးတိုင်းဒေသကြီးလွှတ် တော်အစည်းအဝေးခန်းမဆောင်၌ စက်တင်ဘာ ၂၆ ရက် နံနက် ၁၀ နာ ရီက ကျင်းပခဲ့သည့် ဒုတိယအကြိမ်၊ မကွေးတိုင်းဒေ သကြီး လွှတ်တော် တတိယပုံမှန်အစည်း အဝေး(ပထမ နေ့) တွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီး ထောက် ရှာပင်၊ ကမ်းနီရေနံမြေမှ ရေနံတွင်း ပေါင်း ၂၅၂ တွင်း၊ လျာထားရေနံ စည် ၁၇၀၀၇၀၊ ထုတ်လုပ်ရေနံ စည် ၁၆၄၅၁၃ စည်ထုတ်လုပ်နိုင် ခဲ့ကြောင်း၊ မန်းရေနံမြေမှ ရေနံတွင်း ပေါင်း ၃၂၅ တွင်း၊ လျာထားရေနံ စည် ၂၁၉၂၈၅ စည်၊ ထုတ်လုပ်မှု ရေနံစည် ၂၀၅၃၁၆ စည် ထုတ်လုပ် နိုင်ခဲ့ကြောင်း၊ ရေနံချောင်းရေနံမြေ မှ ရေနံတွင်းပေါင်း ၁၇၄ တွင်း၊ လျာ ထားရေနံစည် ၂၈၅၄၈၀၊ ထုတ်လုပ် ရေနံစည် ၂၃၈၂၄၆ စည်ထုတ်လုပ် နိုင်ခဲ့ကြောင်း၊ ချောက်ရေနံမြေမှ ရေနံ တွင်းပေါင်း ၁၁၀၊ လျာထား ရေနံစည် ၂၀၇၀၆၀၊ ထုတ်လုပ်ရေနံ စည် ၁၇၅၃၀၂ စည်ထုတ်လုပ်နိုင် ခဲ့ ကြောင်း ၊ ကျောက် ခွက်၊ လက်ပံတို အရာတော်ရေနံမြေမှ ရေနံတွင်း ပေါင်း ၆၅ တွင်း၊ လျာထားရေနံစည် ၂၆၀၅၆၄ စည်၊ ထုတ်လုပ်ရေနံစည် ၁၉၆၉၁၂ စည် ထုတ်လုပ်နိုင်ခဲ့ ကြောင်း၊ သာကြီးတောင်/စပယ်ရေနံ မြေမှ ရေနံတွင်း ၁၀ တွင်း ၊ လျာ ထား ရေနံစည် ၂၇၂၈၅စည်၊ ထုတ်လုပ်ရေနံ စည် ၂၈၀၄၂ စည်ထွက်ရှိကြောင်း၊ ထန်းကိုင်းရေနံမြေတွင် ရေနံတွင်း ၅၇ တွင်း၊ လျာထားရေ နံစည် ၂၇၉၀ စည်၊ ထုတ်လုပ်ရေနံစည် ၂၆၁၅ စည် ထုတ်လုပ်နိုင် ခဲ့ကြောင်း တိုင်း ဒေသကြီး ဝန်ကြီးဗိုလ်မှူးကြီးနိုင်ဦး က ပြောကြား သည်။
မကွေးတိုင်းဒေသကြီးအတွင်း မန်းရေနံမြေ၊ ထောက်ရှာပင်/ကမ်း နီရေ နံမြေ၊ ရေနံချောင်းရေ နံမြေ၊ ချောက်ရေ နံမြေ၊ ကျောက်ခွက်/ လက်ပံ တို/ အရာတော် ရေနံမြေ၊ သာကြီးတောင်/ စပယ်ရေနံမြေ၊ ထန်းကိုင်းရေ နံမြေ ဟု ရေနံမြေခုနစ်ခု ရှိကြောင်းသိရသည်။
Credit To >>> Democracy Today
0 comments:
Post a Comment