နိုင်ငံတော် စီမံကိန်းလုပ်ငန်းများကို လုပ်ငန်းပြီးစီးပြီ ၂ နှစ်အတွင်းပျက်စီးမှု ရှိပါက တင်ဒါအောင်မြင်ပြီး လုပ်ငန်းဆောင်ရွက်ခွင့် ရရှိသူမှ ပြန်လည်ပြုပြုပေးရမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်က ယမန်နေ့က အမျိုးသားလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
မွန်ပြည်နယ်မဲဆန္ဒနယ်က ဦးအေးမင်းဟန်က အစိုးရအနေနဲ့နိုင်ငံတော်ရဲ့ စီမံကိန်းအဆောက်အအုံတွေကို ဆောက်လုပ်ခွင့်ရရှိတဲ့ ကုမ္ပဏီတွေကို သတ်မှတ်စံချိန်စံညွှန်န်းနဲ့ မကိုက်ညီပါကအရေးယူခြင်းအစီအစဉ် ရှိ/မရှိ မေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော် တည်ဆောက်လုပ်ငန်းစီမံကိန်းတွေကို ဆောင်ရွက်ရာမှာလုပ်ငန်းလမ်းညွှန် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ဖို့မူဘောင်များ ချမှတ်ပေးထားပြီး သတ်မှတ်လုပ်ငန်းပြီးစီးရမယ့်ရက်ထက် ကျော်လွန်ပါက လုပ်ငန်းအပေါ်မူတည်ကာဒဏ်ကြေးများ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
လုပ်ငန်းဆောင်ရွက်ခွင့်ရ ကုမ္ပဏီတွေအနေနဲ့ သတ်မှတ်စံညွှန်စံညွှန်း မပြည့်မီတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ
ဖြစ်ပေါ်လာပါက စာချုပ်ပါစည်းမျဉ်းစည်းကမ်းများအတိုင်အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ၀န်ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။
ဖြစ်ပေါ်လာပါက စာချုပ်ပါစည်းမျဉ်းစည်းကမ်းများအတိုင်အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ၀န်ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့ရှိ မီးပွိုင့်များကို Control Center က ထိန်းချုပ်ပြီးယာဉ်ကြောရှင်းလင်းရေး လုပ်ဆောင်မယ့် စနစ် အကောင်
အထည်ဖော်ရေးအတွက် လုပ်ကိုင်ခွင့်ရရှိထားတဲ့ပြည်တွင်း-ပြည်ပ ဖက်စပ်ကုမ္ပဏီတစ်ခုမှာ စာချုပ်ပါ လုပ်ငန်းပြီးစီးရမယ့် သတ်မှတ်ရက်အတွင်း ပြီးစီးခြင်းမရှိတဲ့အတွက် တစ်ရက်ကို ဒဏ်ကြေး တစ်သိန်းပေးဆောင်ရလျက်ရှိပါတယ်။
အထည်ဖော်ရေးအတွက် လုပ်ကိုင်ခွင့်ရရှိထားတဲ့ပြည်တွင်း-ပြည်ပ ဖက်စပ်ကုမ္ပဏီတစ်ခုမှာ စာချုပ်ပါ လုပ်ငန်းပြီးစီးရမယ့် သတ်မှတ်ရက်အတွင်း ပြီးစီးခြင်းမရှိတဲ့အတွက် တစ်ရက်ကို ဒဏ်ကြေး တစ်သိန်းပေးဆောင်ရလျက်ရှိပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment