ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့နှင့် ရိုးရိုးလေးကုမ္ပ ဏီတို့အကြားချုပ်ဆိုထားသည့် ကန်ထရိုက်စာချုပ်များ ဖျက်သိမ်း ရေးအပါအ၀င် အချက်လေးချက် ကို လိုက်နာဆောင်ရွက်ရန် ရိုးရိုး လေးကုမ္ပဏီပိုင်ရှင်က ၀န်ကြီးဌာ နသို့ ကတိပြုလက်မှတ်ရေးထိုးခဲ့ ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
စက်တင်ဘာ ၂၃ ရက်က ၀န်ကြီးဌာန အကြီးအကဲများနှင့် ရိုးရိုးလေးကုမ္ပဏီပိုင်ရှင်တို့ နေ ပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးရုံးတွင်တွေ့ဆုံ ဆွေးနွေးရာ ရိုးရိုးလေးကုမ္ပဏီက အထက်ပါအချက်များ လိုက်နာ ဆောင်ရွက်မည်ဟု ကတိပြုကြောင်း စက်တင်ဘာ ၂၄ ရက်ညက ၀န်ကြီးဌာန၏ တရားဝင် အင်တာနက်ဝက်ဘ်ဆိုက်မှ တစ်ဆင့် ထုတ်ပြန်သည့်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ကတိပြုခဲ့သော အချက်များ ၌ အထက်ပါအချက်အပြင် ယင်း ကုမ္ပဏီမှ တည်းခိုခန်းအဖြစ် ပြု လုပ်ထားသော ဓမ္မာရုံများကို စေ တီတော်ဂေါပကအဖွဲ့ထံသို့ လွှဲ ပြောင်းပေးရေး၊ အဆိုပါ ကုမ္ပဏီ က ဆောက်လုပ်ထားသော ဟို တယ် ခုနစ်လုံး၊ အခန်း ၂၄၁ ခန်း ကို ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနက သတ်မှတ်ထား သော စည်းမျဉ်းစည်းကမ်းများနှင့် အညီ သတ်မှတ်ချိန်အတွင်း ပြင် ဆင်တည်ဆောက်ရေး၊ နိုင်ငံ တော်သို့ ပေးသွင်းရန်ကျန်ရှိသော အခွန်အရပ်ရပ်ကို တည်ဆဲဥပဒေ နှင့်အညီ စစ်ဆေးမှုခံယူပေးသွင်း ရေးတို့ပါဝင်ကြောင်း ဖော်ပြပါရှိ သည်။
ရိုးရိုးလေးကုမ္ပဏီကလိုက် နာဆောင်ရွက်မည်ဟု ၀န်ကြီးဌာန သို့ ကတိပေးချက်များအတိုင်း ဆောင်ရွက်ခြင်း ရှိ၊မရှိ စောင့် ကြည့်မည်ဖြစ်ပြီး လိုက်နာခြင်း မရှိပါက မူလအစီအစဉ်အတိုင်း တရားစွဲဆိုမည်ဖြစ်ကြောင်း သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ဒုတိယအမြဲတမ်းအတွင်း ၀န် ဦးဇာနည်ဝင်းက ပြောကြား သည်။
‘‘ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့ကိစ္စတွေ သူ့ဘက်က တရားဥပဒေနဲ့အညီ လိုက်နာ ဆောင်ရွက်မယ်ဆိုရင် လတ်တ လော တရားစွဲတာကိုမလုပ်ဘူး။ သို့ရာတွင် မလိုက်နာဘူးဆိုရင် တော့ စွဲမှာ။ ဥပဒေလုပ်ထုံးလုပ် နည်းနဲ့အညီ ဆောင်ရွက်မယ်လို့ သူဝန်ခံကတိပြုတယ်။ ကျွန်တော် တို့စောင့်ကြည့်မှာပဲလေ’’ဟု ဦးဇာ နည်ဝင်းကပြောသည်။
ယင်းကုမ္ပဏီက ယခင်ဂေါပ ကအဖွဲ့နှင့် ချုပ်ဆိုထားသည့် အ နှစ် ၂၀၊ ၃၀ သက်တမ်းရှိ ကန်ထရိုက်စာချုပ်များ ဖျက်သိမ်းရမည်ဖြစ်ကာ အခြားဥပဒေနှင့်မညီသည့် ဆောင်ရွက်ထားရှိမှုများလည်း ဖျက်သိမ်းရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို ရိုးရိုးလေးဟိုတယ်လိုက် နာမှုမရှိသဖြင့် လုပ်ငန်းလိုင်စင်ရုပ်သိမ်းမှုအပေါ် ၀န်ကြီးဌာနထံ အသနားခံ စာတင်ပြလာသဖြင့် ပြန်လည်စိစစ်ရန်ရှိကြောင်း ယင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။
သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာနအနေဖြင့် စေတီ တော် ၀တ္တကမြေရှိ ဓမ္မာရုံများ၌ ပြည်သူများအခမဲ့တည်းခိုနိုင်ရေး၊ အများပြည်သူ လှူဒါန်းသော အ လှူငွေများကို ဂေါပကအဖွဲ့ဝန် ထမ်းများခန့်ထားကာ အလှူခံပုံး အတွင်း ထည့်သွင်းလှူဒါန်းသော စနစ်ကို ကျင့်သုံးကာကန်ထရိုက် စနစ်ဖျက်သိမ်းရေး၊ ကျိုက်ထီးရိုး ဆံတော်ရှင်သို့ လှူဒါန်းသည့် ရွှေ ဆိုင်းများ အရည်အသွေးပြည့်မီ ကာ ဈေးနှုန်းမှန်ကန်ရေးအတွက် ဂေါပကအဖွဲ့ကြီးကြပ်မှုဖြင့် တင် ဒါခေါ်ယူဆောင်ရွက်နိုင်ရေးတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment