ရပ်ကွက်(သို့မ ဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးဥပဒေကို တတိယအကြိမ် ပြင် ဆင်သည့်ဥပဒေကြမ်းတွင် ဧည့် စာရင်းတိုင်ကြားရသည့်စနစ်ကို လုံးဝပယ်ဖျက်ရန် အမျိုးသားလွှတ် တော်ကိုယ်စားလှယ်များက စက် တင်ဘာ ၂၆ ရက် လွှတ်တော်၌ ဆွေးနွေးစဉ် ပြောကြားသည်။
ဧည့်စာရင်းပုဒ်မများကို ပယ် ဖျက်ပြီး အမျိုးသားလွှတ်တော်က အတည်ပြုပေးပို့ခဲ့သော ယင်း ဥပဒေကြမ်းကို ပြည်သူ့လွှတ် တော်က ဧည့်စာရင်းပုဒ်မ ပြင် ဆင်ပြဋ္ဌာန်းပြီး အမျိုးသားလွှတ် တော်သို့ ပြန်လည်ပေးပို့ခဲ့သည်။ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဧည့်စာရင်းတိုင်ကြားရသည့်စနစ် ကို ပယ်ဖျက်ရန် ပြည်သူ့လွှတ် တော်က စက်တင်ဘာ ၁၉ ရက်၌ အတည်ပြုခဲ့သည်။
ဧည့်စာရင်းတိုင်ကြားရမည့် အချက်ကို ပယ်ဖျက်သော်လည်း တစ်လထက် ပိုမိုကျော်လွန်နေ ထိုင်ပါက လူမှုအထောက်အကူပြု နိုင်ရန် သတ်မှတ်နည်းလမ်းများ နှင့်အညီ အသိပေးအကြောင်း ကြားရမည်ဆိုသောအချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြု ခဲ့သော ဥပဒေကြမ်းတွင် ထည့် သွင်းထားသည်။
‘‘သတ်မှတ်တဲ့နည်းလမ်းဆို တာ ငွေညှစ်တဲ့နည်းလမ်းဆိုတဲ့ ဟာမျိုးပြန်ဖြစ်သွားဦးမှာပါ’’ဟု အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးဌေးဦးက ဆွေးနွေးသည်။
အမျိုးသားလွှတ်တော်က မူလအတည်ပြုသည့်အတိုင်း ဧည့် စာရင်းပုဒ်မများ ပယ်ဖျက်ရန် ၎င်း က ဆက်လက်ပြောကြားသည်။
အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးမျိုးဝင်းက ရပ်ကွက် အုပ်ချုပ်ရေးမှူးများကသာ ကိုယ့် ပြည်သူများယုံကြည်လက်ခံလာ အောင် ရိုးသားပွင့်လင်းစွာလုပ်ပြ နိုင်လျှင် ရပ်ရွာအတွင်း မသင်္ကာ ဖွယ်ရာသူစိမ်းဝင်လာပြီး တစ်ခုခု ပြုလုပ်ရန် စီစဉ်နေပါက ကိုယ့်အ သိဖြင့်ကိုယ် သတင်းပေးကူညီဖမ်းဆီးပေးသူ များစွာရှိကြောင်း ဆွေးနွေးသည်။
‘‘တိုင်ရမယ်လို့ ဥပဒေထုတ် နေစရာတောင်မလိုပါဘူး။ ကိုယ့် ဒေသမအေးချမ်းမှာကို စိတ်ပူကြ တာ လူတိုင်းရဲ့သဘာဝပါ’’ဟု ဦးမျိုးဝင်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးက ဆွေးနွေး ရာတွင်လည်း ဧည့်စာရင်းမတိုင် လျှင် ပြစ်ဒဏ်ချမှတ်နိုင်မည်မ ဟုတ်သော်လည်း ပြည်သူများအ နေဖြင့် ရိုးရိုးသားသားအသိပေးအ ကြောင်းမကြားမိပါက ဥပဒေနှင့် ဆန့်ကျင်သကဲ့သို့ဖြစ်နေကြောင်း ထောက်ပြသည်။
အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ကိုယ်စား လှယ်များ ကျန်ရှိနေသေးသော် လည်း ပထမဆုံး ဆွေးနွေးသည့် ဒီချုပ်ကိုယ်စားလှယ် သုံးဦးက ဧည့်စာရင်းပုဒ်မကို လုံးဝပယ် ဖျက်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တစ်လထက် ကျော်လွန်နေ ထိုင်ကြောင်းကို သက်ဆိုင်ရာအုပ် ချုပ်ရေးမှူးထံ အသိပေးကြောင်း ကြားမှုမရှိပါက ရွေးကောက်ပွဲ တွင် မဲစာရင်းကောက်ယူမည်ဆို ပါက ဒေသတစ်ခု၌ ကာလမည်မျှ နေထိုင်ကြောင်း တိတိကျကျမသိ ရသဖြင့် မဲပေးခွင့်ဆုံးရှုံးနိုင်ခြေများ ခြင်း၊ ကျူးကျော်များတွင် နေထိုင် မည်ဆိုပါက စတင်ရောက်ရှိနေ ထိုင်သည့်ကာလကို မသိရသဖြင့် အစိုးရက နေရာထိုင်ခင်းစီစဉ်ပေး သည့်အခါ အခွင့်အရေးအချို့ ဆုံးရှုံးလာနိုင်ခြင်းများရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးကျော်စိုးလင်းက ပြောကြားသည်။
ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးစဉ် နိုင်ငံတော် လုံခြုံရေး အတွက် ဧည့်စာရင်းတိုင်ကြားရ သည့် ပြဋ္ဌာန်းချက်ကို မပယ်ဖျက် ဘဲ မူလအတိုင်းသာထားရှိရန် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်တစ်ဦးနှင့် ပြည်ထဲရေးဒု ၀န်ကြီးတို့က တင်ပြခဲ့သည်။
သို့သော် ပြည်သူ့လွှတ်တော် တွင် မဲခွဲဆုံးဖြတ်ရာ ပယ်ဖျက်ရန် ထောက်ခံသူများသောကြောင့် ဧည့်စာရင်း တိုင်ကြားရမည့်အ ချက်ကို ပယ်ဖျက်ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၃ တွင်လည်း မည်သူ့ကို မျှ တည်ဆဲဥပဒေနှင့်အညီ တစ် ပါး အသက်ကိုဖြစ်စေ၊ပုဂ္ဂိုလ်ဆိုင် ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာ ဆုံးရှုံးမှုမရှိစေရဟု ဖော်ပြထားသ ဖြင့် ဧည့်စာရင်းတိုင်ကြားခြင်း သည် ဆက်လက်မရှိသင့်တော့ ကြောင်း ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးအ ချို့က လက်ရှိတွင် လုံခြုံရေးအ တွက် ရပ်ကွက်အတွင်းသို့ သူစိမ်း များဝင်ရောက်ခြင်းကို ဧည့်စာ ရင်းဖြင့် လုပ်ဆောင်ရသည့်အခါ မျိုး ရှိနေသောကြောင့် ဧည့်စာရင်း တိုင်ကြားခြင်းကို ဖျက်သိမ်းပါက လုပ်ငန်းဆောင်ရွက်ရမှု အခက် အခဲအချို့ အနည်းငယ်ရှိလာနိုင် သည်ဟု ဆိုသည်။ ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်၌ အဆုံးအဖြတ်ခံယူရမည်ဖြစ်သည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment