Thursday, September 29, 2016

အန္တရာယ်ရှိလုပ်ငန်းခွင်မှ ကလေးလုပ်သားခြောက်သိန်းကျော်ဘေးကင်းရေး နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းစောင့်ကြည့်သွားမည်ဟုဆို


အန္တရာယ် ရှိလုပ်ငန်းခွင်မှ ကလေးလုပ်သားခြောက်သိန်းကျော် ဘေးကင်းရေးအ တွက် စောင့်ကြည့်ရေးအဖွဲ့ဖွဲ့စည်းကာစောင့်ကြည့်သွားမည်ဟု သိရသည်။
အဆိုပါကော်မတီဖွဲ့စည်းနိုင် ရေးအတွက် လက်ရှိတွင် လပွတ္တာ၊ ရေးမြို့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် ရှေ့ပြေးစီမံကိန်းများ စတင်လုပ်ဆောင် လျက်ရှိ ကြောင်း အလုပ်ရုံ၊ အလုပ်သ မားဥပဒေရေးရာစစ်ဆေးရေးဦးစီး ဌာနညွှန်ကြား ရေးမှူးချုပ် ဦးဝင်းရှိန် က စက်တင်ဘာ ၂၈ တွင်ပြောသည်။ စောင့်ကြည့်ရေးအဖွဲ့ကို အပြည် ပြည်ဆိုင်ရာအလုပ်သမားရေးရာအ ဖွဲ့ (ILO)၊ ယူနီဆက်ဖ်၊ Save The Children တို့မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက် ရေးအဖွဲ့များနှင့် အလုပ်ရုံ၊ အလုပ်သမားဥပဒေရေးရာ စစ်ဆေးရေးဦးစီးဌာန တို့ပူးပေါင်း၍ဖွဲ့စည်းသွားမည်ဟု ဦးဝင်းရှိန်က ပြောသည်။ "ဒါကို ILO တို့အခြားအဖွဲ့တွေ နဲ့ပေါင်းလုပ်မယ်။ တို့က ILO နဲ့ ပူးပေါင်းပြီးတော့ လုပ်ငန်းခွင်မှာ ကလေး လုပ်သားတွေအတွက် ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ စက်ရုံတွေမှာရှိတဲ့အ လုပ်သမားအဖွဲ့အစည်းကလည်း ၀ိုင်း ၀န်းဆောင်ရွက် ပေးရမှာပေါ့။ ကလေး လုပ်သားတွေရဲ့ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်း ရေးအတွက် အ လုပ်ရှင်တွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးဖို့လိုတယ်" ဟု ၎င်းင်းက ပြောသည်။ ယခုစတင်နေသည့် ရှေ့ပြေးစီမံ ကိန်းအခြေအနေပေါ် မူတည်ကာစောင့်ကြည့် ရေးကော်မတီကို လုပ် ဆောင်သွားမည်ဖြစ်ပြီး လတ်တလော တွင် တစ်နိုင်ငံလုံး ကိုလွမ်းခြုံနိုင်ဦး မည်မဟုတ်ဟု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကပြောသည်။ အလုပ်ရှင်များအနေဖြင့် ကလေး လုပ်သားများကို ဥပဒေနှင့်အညီဆောင် ရွက်ရေးကိစ္စရပ်နှင့်ပတ်သက်ပြီး လုပ် ငန်းရှင်တစ်ဦးက"ကျွန်တော်တို့က တော့ကြိုဆိုပါတယ်။ ဥပဒေနဲ့အညီ ဆိုတာတော့ ကျယ်ပြန့်တယ်ပေါ့။ ဒါပေမဲ့ ကြိုဆိုပါတယ်" ဟု မှတ်ချက် ပြုသည်။ ILO စစ်တမ်းတို့အရ မြန်မာ နိုင်ငံတွင် အလုပ်လုပ်သောကလေး ဦးရေ ၁၂၇၈၉၀၉ ဦးရှိပြီး ယင်းအထဲ တွင် အန္တရာယ်ရှိလုပ်ငန်းခွင်၌ က လေးလုပ်သား ၆၁၆၈၁၅ ဦးရှိကြောင်း သိရသည်။ Credit To >>> Democracy Today


0 comments:

Post a Comment