![]() |
| Add captio(မြေလတ်ဒေသ လယ်သမားညီလာခံတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း ဟောပြောနေစဉ်) |
ကိုလိုနီခေတ်ကတည်းက နိမ့်ကျနေခဲ့ရသည့် တောင်သူလယ်သမားများဘ၀မှာ
ယနေ့ အချိန်တွင် ထို့ထက်ပိုဆိုးနေရကြောင်း NLD ပါတီ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း က မကွေးမြို့ သံဃာရာမကျောင်းတိုက်၌ ဇန်န၀ါရီ ၃၁ ရက်နံနက်က ကျင်းပ ခဲ့သည့် မြေလတ်ဒေသ တောင်သူလယ်သမား ညီလာခံတွင် ပြောကြားခဲ့သည်။
မကွေးတိုင်း ၂၅ မြို့နယ်မှ တောင်သူလယ်သမားများ တက်ရောက်ခဲ့ပြီး အစိုးရသစ်လက်ထက် မကွေးတိုင်းအတွင်း ပထမဆုံးအနေဖြင့် တောင်သူလယ်သမား သမဂ္ဂဖွဲ့စည်းခဲ့သည့် ယင်းပွဲ တွင် တောင်သူလယ်သမားများအနေဖြင့်
"ဒီနေ့ထိ တောင်သူလယ်သမားတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့
အဆိုပါညီလာခံသို့ တက်ရောက်လာသည့် တောင်သူလယ်သမား အများစုကလည်း လယ် ယာမြေ မတရားသိမ်းယူခံရခြင်းများ စိုက်ပျိုးမြေမရှိတော့၍ အခြားနယ်များသို့ ထွက်ခွာ အလုပ်လုပ်ရသူ များပြားလာသောကြောင့် လုပ်သားရှားပါးမှု ကြုံတွေ့ရခြင်းများအား အများ ဆုံး တင်ပြဆွေးနွေးခဲ့ကြသည်။
"တောင်သူလယ်သမားတွေရဲ့ဘ၀က ဂျာအေးသူ့အမေရိုက်ဆိုတဲ့ ကဗျာလေးလိုပဲ လုံးလည် လိုက်နေတယ် တောင်သူတွေက ဂျာအေးတွေ ရိုက်နေတဲ့ သူ့အမေဆိုသူတွေက စစ်အာဏာ ရှင်တွေနဲ့ ခရိုနီတွေပဲ"ဟု ယင်းညီလာခံသို့ တက်ရောက်ခဲ့သည့် ပဲခူးတိုင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက ပြောကြားခဲ့သည်။
မကွေးမြို့ မြစ်ကွေ့ဧရာလူမှုကွန်ရက်မှ မကွေးတိုင်းအတွင်း တောင်သူလယ်သမားများအား နှစ်နှစ်ကြာ လယ်ယာမြေဥပဒေ သင်တန်းများ ပေးခဲ့အပြီး ယင်းညီလာခံအား ကျင်းပနိုင် ခဲ့ကြောင်း အဆိုပါညီလာခံသို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
Eleven Media Group

0 comments:
Post a Comment