မြန်မာ့နိုင်ငံရေး၏ အပြောင်း အလဲကြီးတစ်ခုဖြစ်လာမည့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ တွင် ပြည်သူလူထုအားလုံးပါဝင်ရန် အရေးကြီးသကဲ့သို့ ယင်းပြည်သူလူထုထဲတွင် ပါဝင်သော မသန်စွမ်းသူများ အားလုံးပါဝင်မဲထည့်နိုင်ရေးမှာလည်း အရေးကြီးသဖြင့် မသန်စွမ်းသူများ အဆင်ပြေစွာ မဲထည့်နိုင်ရေးအတွက် လိုအပ်သောအချက်များအားရှာဖွေရန် ဆွေးနွေးပွဲ တစ်ခု ကို ယနေ့နံနက် ပိုင်းက သံလွင်လမ်းရှိ IFES ရုံး ခန်း၌ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို မြန်မာ နိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ နှင့်အပြည်ပြည် ဆိုင် ရာရွေးကောက် ပွဲစနစ်များဆိုင်ရာဖောင်ဒေးရှင်းက ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
ထိုသို့ဆွေးနွေးခဲ့ရာ၌ မဲရုံများတွင် မသန်စွမ်းသူများ အဆင်ပြေ စွာဝင်ရောက် မဲထည့်နိုင် ရန်ကြိုတင် ပြင်ဆင်ထားရှိမှုများ၊မဲစာရင်းတွင် မဲထည့်နိုင်သည့်လူဦးရေကိုကြေညာ ရာ၌ မသန်စွမ်းပါဝင်မှုအရေအတွက်၊ မသန်စွမ်းအမျိုးအစားများကိုထည့် သွင်းကြေညာရန် လိုအပ် မှုများ၊ မသန်စွမ်းအမျိုးအစားအလိုက် မဲ ပေးနိုင်ရေး ကူညီဆောင်ရွက်ပေး နိုင်မှုများ၊မသန်စွမ်း များအတွက် ဘေးမှအကူလူအဖြစ်ဆောင်ရွက် မည့်သူရွေးချယ်နိုင်ရေးကိစ္စများနှင့် အခြား လိုအပ်သော အသေးစိတ် အချက်အလက်များကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ယင်း ဆွေးနွေးပွဲမှရရှိသော အသေးစိတ် အချက်အလက်များကိုပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံသို့ပေးပို့ သွားရန်လည်း စီစဉ်ထားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
''ကျွန်တော်တို့လိုမျက်မမြင် တွေအတွက် သီးခြားမျက်မမြင် မဲထည့် စာရွက်ပြုလုပ်ပေးမယ် ဆိုတာ မျိုးတွေ အခြားနိုင်ငံတွေမှာရှိတယ် ဆိုတာမျိုးသိရတဲ့အခါ ကျွန်တော် တို့နိုင်ငံမှာလဲ ဒါမျိုးဖြစ်လာဖို့ မျှော် လင့်ပါတယ်''ဟု အဆိုပါဆွေး နွေးပွဲသို့တက်ရောက်လာသော မျက်မမြင် မသန်စွမ်းသူက ၄င်း၏ ခံစားချက်ကိုပြောသည်။
The Union Daily
0 comments:
Post a Comment