
ရန်ကုန်တိုင်းဒေသကြီးတောင် ဥက္ကလာပမြို့နယ် သံသုမာလမ်းနှင့် မေတ္တာလမ်းထောင့်တွင် မေတ္တာ လှိုင်း(၃)ခရီးသည်တင်ယာဉ် ယာဉ် အမှတ် ၇ခ/xxxxxသည် ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် ဘေလီ မှတ်တိုင်ဘက်မှ စံပြဈေးလမ်းသို့ အသွား မိုးစွေမှတ်တိုင်နှင့်(၃၁) ဂိတ်ဟောင်းမှတ်တိုင်အနီး ပန်းခြံ ထောင့်တွင်ဘရိတ်ပေါက်ပြီး လမ်း ဘေးကွမ်းယာဆိုင်နှင့် ဗာဒံပင်ကို တိုက်၍ ရပ်တန့်သွားသည်။ ယာဉ် မောင်းမှာ ဦးခေါင်းနှင့်မျက်နှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ယာဉ် ပေါ်ပါ ကိုယ်ဝန်သည်အမျိုးသမီးနှင့်ကွမ်းယာဆိုင်မှ အမျိုးသမီးတို့ ဒဏ်ရာရရှိကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ဆိုက်ကားတစ်စီးနှင့် လမ်းဘေးဓာတ်တိုင် နှစ်တိုင် အနည်းငယ် ပျက် စီးပြီး ယာဉ်မှုစစ်မှ ဆက်လက်စုံစမ်း အရေးယူကြောင်းသိရသည်။
The Union Daily
0 comments:
Post a Comment