ဂျာမနီနိုငံ ဘရက်ဒန်မြို့တွင် ရဲသားတစ်ဦးသည် သူ၏ချစ်သူအမျိုးသား တစ်ဦးကို သတ်စားခဲ့ကြောင်း သံသယမှုဖြင့်အဖမ်းခံခဲ့ရကြောင်း သိရသည်။
ဂျာမနီမှ အတင်းအဖျင်းသတင်းများနှင့် ကျော်ကြာနေသည့် Bild သတင်းစာက တရားခံ ရဲသား ဒက်လိဗ် အသက် ၅၅နှစ်သည် လက်ရေးပါရဂူတစ်ဦးဖြစ်ပြီး အသတ်ခံရသူနှင့် ဇာတ်တူချင်းသတ်စားမှု အားပေးသည့် Cannibal ၀က်ဘ်ဆိုဒ်တွင်တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

ဂျာမနီးရုပ်သံဇာတ်လမ်းမှ ဇာတ်ကောင် ဒက်စ်တာနှင့်ခပ်ဆင်ဆင် တူသည် ဒက်လိဗ်-ဂျီသည် ဟန်နိုဘာမှ ၅၉နှစ်အရွယ်အမျိုးသားတစ်ဦးနှင်
သူတို့နှစ်ဦးသည် လိင်တူဆက်ဆံခြင်းနှင့် ဇာတ်တူသား စားခြင်းတို့ကို နှစ်သက် သူများဖြစ်သည်။
ဘရက်ဒန်မြို့အနီး အောရီတောင်တန်းအရှေ့ဘက်တွင်ရှိဒက်လိဗ်နေအိမ်မှ ဥယျာဉ်အတွင်း အသတ်ခံရသူ၏ အလောင်းကို မြုပ်ထားကြောင်း ရဲများက ရှာဖွေတွေ့ရှိခဲ့သည်။
အလောင်းသည် နှိပ်စက်ခံထားသည့် အသွင်များတွေ့ရပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း အချို့မှာလည်း ခုတ်ဖြတ် ခံထားရသည်။
ပျောက်ဆုံးနေသည့် အစိတ်အပိုင်းများကို မတွေ့ရတာ့သဖြင့် သတ်စားလိုက်ခြင်း ဖြစ်မည်ဟု ရဲများက ယူဆထားသည်။
Ref: Daily Mail
0 comments:
Post a Comment