
အသီးအရွက်များအား ကြာရှည်စွာချက်ပြုတ်ခြင်း အထူးသဖြင့် ပန်းဂေါ်ဖီစိမ်းအား ကြာရှည်စွာ ချက်ပြုတ်ခြင်းဖြင့် ယင်းအသီးအရွက်တွင် ပါဝင်သည့် ကင်ဆာတိုက်ထုတ်ပေး နိုင်သည့်ပစ္စည်းများအား ဆုံးရှုံးစေနိုင်သည်ဟု လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။
ပန်းဂေါ်ဖီစိမ်း (broccoli) တွင် ရောဂါဘယများအား တိုက်ထုတ်ပေးနိုင်သည့် Phytochemical sulfaraphane ပမာဏများစွာ ပါဝင်လေသည်။ သို့သော် ယင်းပစ္စည်း အစွမ်းပြရန်အတွက် Myrosinase များဆုံးရှုံး သွားပြီး ရောဂါတိုက်ထုတ်ပေးနိုင်သည့် အစွမ်းများအား ဆုံးရှုံးသွားစေလေသည်။
Illinoisတက္ကသိုလ်မှ လေ့လာမှုအရဟင်းသီးဟင်းရွက်များအား ပြုတ်သည်ဖြစ်စေ microwave နဲ့ချက် သည်ဖြစ်စေ တစ်မိနစ်ခန့် ထည့်ချက်လျင်ပင် ယင်းအစွမ်းများဆုံးရှုံးစေနိုင်ကြောင်း တွေ့ခဲ့ရသည်။ အကောင်းဆုံး ချက်ပြုတ်နည်းမှာ အသီးအရွက်များအား ရေနွေးငွေ့ဖြင့် ၅ မိနစ်ခန့် ပေါင်းပေးခြင်းအားဖြင့် အင်ဇိုင်းများ မပျက်စီးစေကြောင်း အကြံပြုခဲ့သည်။
နှင်းဆီဖူးလေးများ
0 comments:
Post a Comment