မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရန်းချောင်းကျေးရွာတွင် အလယ်တန်းကျောင်း
ဆောက်လုပ်ရန်လှူဒါန်း ထားသည့်မြေ ၁၂ ဧကကို ကျေးရွာအုပ်ချုပ်ရေးမှူးများက
ယနေ့တိုင် ကိုယ်ကျိုးအတွက် အသုံးပြုနေ သည်ဟု မြေလှူဒါန်းခဲ့သည့်
ဦးသန်းစိုးနှင့် ဒေါ်စန်းမြင့်တို့က မဇ္ဈိမကို ပြောသည်။
၎င်းမြေကို ကျေးရွာတွင်း အလယ်တန်းကျောင်း ဆောက်လုပ်ရန် ၁၉၉၇ တွင် လှူဒါန်းခဲ့ခြင်းဖြစ်သော် လည်း ယနေ့တိုင် ဆောက်လုပ်အကောင်ထည်ဖော်မှုမရှိဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဆက်ဆက်က ကိုယ်ကျိုး အတွက် အသုံးပြုနေခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
ရန်ကုန်-ကျိုက်ထို ကားလမ်းဘေးရှိ ယင်းမြေကို ကျောင်းဆောက်လုပ်ရန်အတွက်ဟုဆိုကာ ရယူသွား သော် လည်း ဆောက်လုပ်မှုမရှိဘဲ ကျောက်ခွဲလုပ်ငန်းလုပ်ကိုင်ရန် မြေနေရာငှားပြီး ရရှိသည့် ငွေကို ကိုယ်ကျိုး အတွက် အသုံးပြုနေခြင်းကြောင့် မိမိတို့အနေဖြင့် ၎င်းမြေကို ပြန်လည် ရယူလိုခြင်းဖြစ်ပြီး မြို့နယ်သို့ အရေး ယူပေးရန် တိုင်တန်းထားသော်လည်း အရေးယူမှုတစ်စုံတစ်ရာ မပြုဟု ဦးသန်းစိုးက ဆိုသည်။
“ကျောက်စက်တစ်လုံးကို တစ်နှစ်မှာ တစ်သိန်းနဲ့ ကျောက်စက်ငါးလုံးအတွက် ငွေငါးသိန်းနဲ့ စကတည်း က ငှားစားလာခဲ့တယ်” ဟု မရမ်းကျောင်းရွာသား ဦစိန်ဝင်းက ပြောသည်။
ယင်းကိစ္စနှင့်ပက်သတ်ပြီး လက်ရှိ တာဝန်ထမ်းဆောင်နေသည့် မရမ်း ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ဦးသိန်းနိုင်က “ကျွန်တော်တာဝန်ယူထားတဲ့ ဒီတစ်နှစ်အတွင်း ဒီမြေပေါ်မှာ ငှားရမ်းရရှိငွေကို စားရင်း ပြုစုပြီး ဘယ်လိုသုံးတယ်ဆိုတာကို လုပ်ထားပါတယ်။ အရင် ဥက္ကဋ္ဌတွေလက်ထက်မှာ ဒီမြေကို ငွေ ၂၀,၀၀၀ ပေးပြီးတော့ ကျောင်းမြေအဖြစ် အသုံးပြုဖို့ လုပ်ခဲ့တယ်။ မလုပ်ဖြစ်လို့ ကျောက်စက်တွေ ငှား စားခဲ့တဲ့စာရင်းတွေတော့ ကျွန်တော်ဆီကို လွှဲပြောင်းပေးတာ ဘာမှမရှိပါဘူး။ ဒါနဲ့ပက်သက် ပြီးတော့ လည်း မြို့နယ်က ခေါ်စစ်ထားတယ်။ ဘာမှတော့ ပြန်ပြီးမပြောသေးပါဘူး” ဟု ပြောသည်။
လက်ရှိ မရမ်းချောင်းကျေးရွာတွင် မူလတန်းကျောင်းတစ်ကျောင်းနှင့် မူလတန်းလွန်ကျောင်းတစ်ကျောင်း တည်ရှိပြီး လက်ရှိရယူထားသည့်မြေကို လွှတ်တော်မှ တင်ပြတောင်းဆိုရရှိထားသည့် အလယ်တန်း ကျောင်းဆောင်တစ်ဆောင်ကို ဆောက်လုပ်သွားမည် ဖြစ်သည်။
ကျောင်းဆောင် ဆောက်လုပ်မှုများကို ရပ်ရွာမှကောက်ခံကာ ယခုနှစ်ကုန်တွင် ဆောက်လုပ်သွားမည်ဟု ဦးသိန်းနိုင်က ဆိုသည်။
Mizzima
0 comments:
Post a Comment