ထိုင်းအစိုးရအား ဖြုတ်ချရန်နှင့်
ဖြုတ်ချခံထားရသောဝန်ကြီးချုပ်ဟောင်းသက်ရှင် ရှီနာဝပ်၏ သြဇာ ဆက်လက်
လွှမ်းမိုးနေခြင်း ကို အဆုံးသတ်နိုင်ရေး ရည်ရွယ်သည့်
ထောင်သောင်း ချီသော ဆန္ဒပြသူများမှာ ဘန်ကောက်မြို့တော် လမ်းမများပေါ်၌
စုဝေးဆန္ဒထုတ်ဖော်နေကြသည်။
၂၀၁၀ ခုနှစ် သွေးထွက်သံယိုဖြစ်ပေါ်ခဲ့သောလူထု ဆန္ဒပြမှု နောက်ပိုင်း ကြီးကျယ် ထင်ရှားသော ဆန္ဒပြ မှုကြီးတွင် ကန့်ကွက် ဆန္ဒပြ သူများမှာ တနင်္ဂနွေနေ့ကသက်ဆင်၏ ညီမဖြစ်သူလက်ရှိဝန်ကြီးချုပ် ယင်လပ် ရှီနာဝပ်အား ဖြုတ်ချရန် တောင်းဆို လိုက်ကြပါသည်။
ဘန်ကောက် ချူလာလောင်ကွန် တက္ကသိုလ်မှ ဆန်းစစ်လေ့လာသူသစ်တီနန် ပွန်ဆူဒီရတ် က “ ရှေ့ရှောက် တင်းမာမှု တွေ အများကြီး ဆက်လက်မြင်တွေ့ရအုန်းမှာပါ “ ဟုပြောကြားလိုက်ပါသည်။
“ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာအစိုးရရဲ့မူဝါဒမှတ်မှုတွေ နှင့် မူဝါဒတွေကို အမှန်တကယ် အကောင်အထည် မဖော်နိုင်ဘဲ ချမှတ်နေတာတွေကို တားဆီးဟန့်တားနိုင်လောက်အောင် အင်အားကြီး ထွားလာနေ ပါပြီ၊ မကြာခင် မှာဘဲရွေးချယ် တင်မြှောက်ပွဲ လုပ်ငန်းစဉ်ကြီး စတင်လည်ပတ်လာမယ့် အလားအလာတွေ မြင်နေရပါတယ် ” ဟု သစ်တီနန်က ဆက်ပြောသည်။
၂၀၀၈ ခုနှစ်ကတိုင်းပြည်မှ စွန့်ခွာတိမ်းရှောင်သွားသူ ပြည်ပြေးသက်ဆင် အားလွတ်ငြိမ်းချမ်း သာခွင့်ပေး ရန် နှင့် ၂၀၁၀ ခုနှစ် ယင်လတ် အစိုးရဘက်တော်သားရှတ်နီ ဆန္ဒပြသူများအားစစ်တပ် အင်အား သုံးလျက် နှိမ်နင်းရာတွင် လူ ၉၀- ကျော် သေဆုံးမှုအတွက် တာဝန်ရှိ သူများအား ခွင့်လွှတ်ရန်ရည်ရွယ်သည့် အစိုးရက ရည်ရွယ်ဆောင်ရွက်မှုများအား ကန့်ကွက်သည့်အနေဖြင့် လွန်ခဲ့သောလက ဆန္ဒပြမှု စတင်လာခြင်းဖြစ်သည်။
ထိုင်းနိုင်ငံပါလီမန် နှစ်ရပ်လုံးအားစုစည်းထိန်းချုပ်နိုင်ရန် ရည်ရွယ်လျက် အထက်လွှတ်တော်အား ရာနှုန်းပြည့် ရွေးချယ်တင်မြှောက် သည့် စနစ်ကိုသွတ်သွင်းရန် ယင်လတ်၏စီမံဆောင်ရွက်မှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးမှ ယခုရက်သတ္တပါတ်အတွင်း တားဆီးပိတ်ပင်လိုက်ပါသည်။
“ ဒီ ဆန္ဒပြပွဲဟာလည်းသမိုင်းဝင် အဖြစ်အပျက်ကြီးတစ်ခု ဖြစ်လာအုန်းမှာပါ ” ဟုဘန်ကောက် ဆန္ဒပြပွဲတွင် တက်ရောက် သတင်းယူနေသူအယ်လ်ဂျာဇီရာ သတင်းထောက် ဗေရိုနစ်ကာပေဒရိုဆာက မှတ်ချက်ပေးပါ သည်။
“ ဆန္ဒပြပွဲမှာတက်ရောက်ပါဝင်သူတွေက လက်ရှိဝန်ကြီးချုပ်ကို ဖြုတ်ချနိုင်ဖို့ ၊ နိုင်ငံတော် ခေါင်းဆောင်ပိုင်း မှာ သူ့အစ်ကိုပါဝင် ခြယ်လှယ် နေတာကို ရပ်တန့်ပစ်ဖို့ တစိတ်တဝမ်းတည်းရှိနေကြပါတယ် ၊ သူတို့က အဲဒီကွန်ရက်ကြီးကို တစ်စစီဆုတ်ဖြဲ လိုက်ချင်နေကြပါတယ် ” ဟု ၄င်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံတွင်လွန်ခဲ့သော ၇-နှစ်ကသက်ဆင်အစိုးရအားစစ်တပ်မှ အာဏာသိမ်းဖယ်ရှားလိုက်ရာမှ အစပြု ၍ ဆန္ဒပြအကြမ်း ဖက်မှုများ မကြာခဏဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၁၉၃၂ ခုနှစ် စည်းမျဉ်းခံ ဘုရင် စနစ် ပြောင်းလဲပြီးချိန်မှ စလျက် စစ်ဖက်မှ အာဏာသိမ်းမှု နှင့် အာဏာသိမ်းရန် ကြိုးစားမှုများ ၁၈-ကြိမ် ဖြစ်ပေါ်ခဲ့ပါသည်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်အား ကျေးလက်ဒေသပြည်သူများနှင့် အလုပ်သမားအများအပြားက တက်တက် ကြွကြွထောက်ခံ အားပေးကြပြီး အထက်တန်းလွှာ နှင့် လူလတ်တန်းစားများကမူ အဂတိ လိုက်စားကြောင်းစွပ်စွဲပြောဆိုနေကြသည်။
နှစ်ပေါင်း ၂၀-ကျော်ကာလအတွင်း ဒီမိုကရက်တစ်ပါတီသည် အများ စုရွေးကောက် တင် မြှောက်ခံ ရခြင်းမရှိဘဲသက်ဆင် နှင့် မိတ်ဖက်များကမူ ပြည်သူအများ၏ ထောက်ခံများအကြိမ်ကြိမ် ရရှိထားသည်။
လက်ရှိ နိုင်ငံရေးအကြပ်အတည်းများကြောင့် ယင်လပ်အစိုးရအနေဖြင့် ပါလီမန်ကိုသက်တမ်းမပြည့်မီ ဖျက်သိမ်းလျက် ရွေးကောက်ပွဲအား စောစီးစွာကျင်းပသော် လက်ရှိအာဏာရပါတီအနေဖြင့် ရွေးကောက် ပွဲတွင် အနိုင်ရရှိနိုင်ရေး မျှော်မှန်း ထားကြောင်း သိရှိရသည်။
Myit Ma Kha Media Group
0 comments:
Post a Comment